စစ်တွေတွင် ရေနစ်သေဆုံးခဲ့သည့် ၄ တန်းကျောင်းသား ၃ ဦးအနက် ၂ ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တစ်ဦး၏ အလောင်းကိုမူ ရှာဖွေ၍ မတွေ့ရှိသေးပေ။
ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း ၂ ခုကို ယနေ့ ညနေ ၅ နာရီခန့်က သင်္ဂြိုလ်ပြီးစီးခဲ့သည်။
သင်္ဂြိုလ်ပြီးစီးခဲ့သည့် ရုပ်အလောင်း ၂ ခုမှာ မောင်ဇွဲဘုန်းခန့် အသက် ၁၁ နှစ်နှင့် မောင်ဟိန်းထက်ဝင်းနိုင် အသက် ၁၁ နှစ်တို့ ဖြစ်ကြသည်။
ကျန်ရှိနေသေးသည့် မောင်အောင်လင်းသူ၏ ရုပ်အလောင်းကိုမူ စစ်တွေတွင် လေပြင်းမုန်တိုင်း တိုက်ခတ်နေ၍ ဆက်လက်ရှာဖွေရန် အခက်အခဲ ဖြစ်လျက်ရှိသည်။
ထိုကလေးငယ် ၃ ဦးသည် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည်အချိန်ခန့်တွင် စစ်တွေပွိုင့်ကမ်းခြေ၌ ရေကစားရင်း ရေနစ် သေဆုံးခြင်းဖြစ်ကြောင်း The Bay Bar မှ CCTV မှတ်တမ်းဖိုင်အရ သိရှိရသည်။
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2022/11/1-15.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2022/11/2-13.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2022/11/3-10.jpg?resize=650%2C488&ssl=1)
![စစ်တွေတွင်ရေနစ်သေဆုံးသည့် ကျောင်းသား ၃ ဦးထဲမှ ၂ ဦးအလောင်းကို သင်္ဂြိုလ်ပြီးစီး](https://i0.wp.com/arakanbaynews.com/wp-content/uploads/2022/11/4-7.jpg?resize=650%2C488&ssl=1)