ယနေ့ နေ့လယ် ၁၁ နာရီခွဲခန့်က စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် လူနေအိမ် ၄ လုံးကို မီးလောင်မှု ဖြစ်ပွားခဲ့ကြေားသိရသည်။
မီးလောင်မှုဖြစ်စဥ်မှာ အောင်မင်္ဂလာရပ်ကွက်မှ ဦးနာယာနေအိမ်မှ စတင်ပြီး ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ရာမှ အိမ်နီးချင်း ၃ အိမ်သို့ ကူးစက် လောင်ကျွမ်းခဲ့ပြီး နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေ။ ဆုံးရှုံးမှု တန်ဖိုးကိုတော့ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

