AB News-နိုဝင်ဘာ ၅ ရက်
စစ်တွေမြို့ ပွိုင့်ကမ်းခြေတွင် ကိုရင်ငယ်တစ်ပါး ရေလှိုင်းဆော့ကစားရာမှ ရေနစ်သွားပြီး ဆေးရုံတင်ထားရကြောင်း သိရသည်။
ကိုရင်ငယ်သည် ညနေ၄ နာရီ ကျော်ခန့်က တစ်ခြားကိုရင် တစ်ပါးနှင့်အတူ ရေလှိုင်းဆော့ကစားရာမှ ဒီရေဆွဲမှုကြောင့် ကမ်းခြေနှင့် မနီးမဝေးသို့ရောက်ရှိသွားခဲ့သည့် အတွက် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း မှ တာဝန်ရှိသူများက သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
၎င်းအဖွဲ့တာဝန်ရှိသူများက သွားရောက်ကယ်ဆယ်ပြီး စစ်တွေမြို့ပြည်သူဆေးရုံကို ပို့လိုက်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ၏ တာဝန်ရှိသူ တစ်ဦးက AB News သို့ ပြောသည်။
“ရေနစ်သွားတဲ့ကိုရင်ကို ကျနော်တို့ဆေးရုံပို့လိုက်ပါတယ်၊အခြေအနေတော့မသိရသေးဘူး ” ဟု ဆိုသည်။
ရေလှိုင်းဖြင့်မျောပါ၍ ရေနစ်သွားသည့် ကိုရင်ငယ်ကို အရေးပေါ်ဆေးရုံတင်ထားရပြီး အခြေအနေကိုမသိရှိရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည်အချိန်ခန့်တွင် စစ်တွေပွိုင့်ကမ်းခြေ၌ ရေကစားရင်း ကလေးငယ် ၃ ဦးသည်ရေနစ် သေဆုံးခဲ့ကြောင်း The Bay Bar မှ CCTV မှတ်တမ်းဖိုင်အရ သိရှိရသည်။