သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေကမ်းခြေမှ စားသောက်ဆိုင်ဖြိုဖျက်မှု ရပ်တန့်ရန်နှင့် မြေနေရာအစားထိုးရရှိရေးအတွက် ပြည်နယ်အစိုးရရုံးရှေ့တွင် ဆိုင်သည်များ တောင်းဆို

ABN-ရှိုင်းမိုး

အောက်တိုဘာ ၅ရက်

ယနေ့ နံနက် ၄ နာရီကျော်အချိန်မှစ၍ စစ်တွေကမ်းခြေ ဟိုတည်အနီးရှိ စားသောက်ဆိုင်များကို စည်ပင်၊ ထွေအုပ်၊ စစ်ကောင်စီရဲအဖွဲ့များ လာရောက်ဖြိုဖျက်ဆီးနေသည်ဟု သိရှိရသည်။

ထိုဆိုင်ခန်းဖျက်ဆီးမှုနှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင်များက စစ်တွေပြည်နယ်အစိုးရရုံးရှေ့တွင် မြေနေရာအစားထိုးရရှိရေးနှင့် နေအိမ်ဆိုင်ခန်းဖြိုဖျက်မှုကို ချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုလျက်ရှိကြသည်။

“ဆိုင်ပိုင်ရှင်တွေထင်ပါတယ်၊ ပြည်နယ်အစိုးရရုံးရှေ့မှာ စာရွက်တွေ ကိုင်ပြီးရပ်နေကြတာတွေ့ပါတယ်၊ အဲဒီစာရွက်မှာက ဆိုင်ခန်းဖျက်ဆီးနေတာကို ရပ်တန့်ပေးဖို့နှင့် မြေနေရာအစားထိုးပေးဖို့အကြောင်းကိုရေးထားတာတွေ့ပါတယ်” ဟုဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများအပါဝင် အင်အား ၁ဝဝ ကျော်ခန့်ဖြင့် ရုတ်တရက်ဝင်ရောက်ဖြိုဖျက်သည်ဟု သိရှိရသည်။

အဆိုပါစားသောက်ဆိုင်များကို ပြီးခဲ့သည်လကစပြီး ဖယ်ရှားပေးရန် စစ်ကောင်စီက စာကမ်းခဲ့သော်လည်း ထိုမြေနေရာများသည် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းလက်ထက်က နေရာချပေးထားခြင်းဖြစ်၍ မဖယ်ရှားပေးနိုင်ခြင်းဖြစ်ကြောင်း ဆိုင်ရှင်များထံမှသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ