ABN-ရှိုင်းမိုး
ယနေ့ နေလည်ပိုင်းအချိန်တွင် မြောက်ဦးမြို့ အနီးရှိ စစ်ကောင်စီတပ် တပ်စွဲနေရာယူထားသည့် ရွှေတောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ထိုမီးလောင်မှုသည် တောင်ပေါ်တွင်ဖြစ်ပွားနေသောကြောင့် မီးသတ်ကားများ မီးငြိမ်းရန်လာကြသော်လည်း တောင်ပေါ်သို့ မီးငြှိမ်းသတ်နိုင်မှုမရှိခဲ့သောကြောင့် ညနေ ၉နာရီအချိန် အထိ မီးဆက်လက်လောင်နေကြောင်းသိရသည်။
“ ဘယ်ကနေပြီးစလောင်လာမှန်းတော့မသိပါဘူး၊ အချိန်ကတော့ နေလည့်ပိုင်းကလောင်းတာပါ၊ မီးသတ်ကြတယ်၊ ဒါပေမယ့် ပိုက်က တောင်ထက်ကိုအထိမရောက်ပါဘူး၊ ဒါကြောင့် မီးမငြိမ်နိုင်သေးပါဘူး၊ အခုလည်းလောင်းနေပါသေးတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
ညဥ့် ၉နာရီကျော်ထိ မီးမငြိမ်နိုင်သောကြောင့် မီးကူးလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။
“ မီးလောင်နေတဲ့အခြေနေက အတော်ဆိုးလာပါတယ်၊ တောင်အောက်မှာလည်း အိမ်တွေ ဆိုင်တွေ ဟိုတည်တွေရှိပါတယ်၊ တောင်ပေါ်ကိုလည်း စစ်သားတွေမတတ်ရဘူး၊ မိုင်းပေါက်သံတွေလည်း ကြားရပါတယ်၊ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး” ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကဆိုသည်။
ရွှေဝောာင်မှာ မြောက်ဦးရှိ သမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး မြန်မာစစ်တပ်မှ ထိုတောင်ပေါ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ နေထိုင်လျက်ရှိသည်။