AB News – ဒီဇင်ဘာ ၁၊ ၂၀၂၃
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စ ထိမှန်၍ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ဒဏ်ရာရရှိခဲ့သူမှာ အမ်းမြို့နယ်၊ ဒါးလက်ရွာဟောင်းမှ ဒေါ်ဌေးဌေး ၄၀နှစ် ဖြစ်သည်။
ယနေ့ ညနေ ၄နာရီအချိန်တွင် ကဇုကိုင်း၊ တောဟိန်းတောင်တွင် အခြေချထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ဒေါ်ဌေးဌေး၏ ဥယာဥ်ခြံ၌ ကျရောက်ပေါက်ကွဲသောကြောင့် ဒေါ်ဌေးဌေး ဒဏ်ရာရရှိခဲ့သည်ဟု ရွာသား ၁ဦးက ပြောသည်။
“ဒီနေ ညနေ ၄နာရီအချိန်မှာ ကဇုကိုင်း၊ တောဟိန်းတောင်မှ စစ်ကောင်စီအဖွဲ့ လက်နက်ကြီးတွေ ပစ်ခတ်တယ်။ လက်နက်ကြီးကျည် ၁လုံးဟာ ဒေါ်ဌေးဌေး ဥယာဥ်ခြံမှာ ကျရောက်ပေါက်ကွဲပြီး ဒေါ်ဌေးဌေး၏ ညာဘက်တင်နှင့် ညာဘက်လက်မောင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။
ရက္ခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မြို့၊ ရွာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးနေပြီး အိုးအိမ်တိုက်တာများ ဆုံးရှုံးလျက်ရှိသည်။