
AB News- ဇန်နဝါရီ ၁၁၊ ၂၀၂၄
စစ်ကောင်စီအဖွဲပစ် လက်နက်ကြီးကျည်ကျပြီး ကျောက်တော်မြိုနယ် သရက်တပင် ကျေးရွာမှ နေအိမ်၁ လုံးမီးလောင်ပြာကျခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ နံနက် ၁၁နာရီခွဲ အချိန်ခန့်က ရက္ခိုင်ပြည် ကျောက်တော်မြို၌ တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ကျောက်တော်မြိုအခြေစိုက် စကခ ၉ မှ ကျောက်တော်မြိုနယ်ရှိ လူနေရပ်ရွာများသို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ကျောက်တော်မြိုနယ် သရက်တပင်ကျေးရွာမှ နေအိမ် ၁ဆောင်မီးလောင်ပြာကျခဲ့သည်။
စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးကျည်မှာ သရက်တပင် ကျေးရွာသို ကျရောက်ပေါက်ကွဲ၍ ဦးမောင်မြင့်သိန်း၏ နေအိမ်ပျက်စီးခဲ့ကြောင်း ဒေသခံ ၁ဦးကပြောသည်။
“ကျောက်တော်မှာလည်း တိုက်ပွဲဖြစ်တာတွေတော့မရှိဘူး။ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ လူနေရပ်ရွာတွေကို လှမ်းပစ်တယ်။ ပစ်ခတ်တဲ့ လက်နက်ကြီး တွေထဲက တစ်လုံးက ဦးမောင်မြင့်သိန်း၏ အိမ်ကို တိုက်ရိုက်ကျပြီး အိမ်မီးလောင်ပျက်စီးသွားတယ်” ဟုဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၀ရက်နေ့က မင်းပြားမြိုနယ်ရှိ ဖက်ဆစ်စစ်ကောင်စီ တပ်ရင်းမှပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မင်းပြားမြိုနယ်၊ ဖားပြိုကျေးရွာမှ နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့သည်။