သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က မာန်အောင်မြို့ကို နေဗီ ၄ စီးဖြင့် ဝိုင်းထားပြီး ယနေ့ည မြို့ထဲတွင် ကင်းလှည့် စစ်ဆေးရန်ရှိဟု သိရ

စစ်ကောင်စီတပ်က မာန်အောင်မြို့ကို နေဗီ ၄ စီးဖြင့် ဝိုင်းထားပြီး ယနေ့ည မြို့ထဲတွင် ကင်းလှည့် စစ်ဆေးရန်ရှိဟု သိရ

AB News-နိုဝင်ဘာ ၁၆ ရက်

ရက္ခိုင်ပြည် မာန်အောင်မြို့အား စစ်ကောင်စီတပ်က ရေတပ်နေဗီ ၄ စီးဖြင့် ဝိုင်းထားကာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညအချိန် မြို့တွင်း ဝင်ရောက်ကာ ကင်းလှည့် စစ်ဆေးမည်ဟု ခိုင်လုံသတင်းရင်းမြစ်ကဆိုသည်။

မာန်အောင်မြို့အား စစ်ကောင်စီ ရေတပ်နေဗီ ၄ စီးဖြင့် ဝိုင်းထားသည်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက ဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ကျောက်ဖြူမြို့မှ ရဲသား ၆၀ ကျော်ကိုလည်း မာန်အောင်မြို့တွင် အင်အား ဖြည့်ထားကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်၊ ချိန်ခါလိန် နယ်ခြားစောင့် ရဲစခန်းများအား နိုဝင်ဘာလ ၁၃ ရက်နေ့က သိမ်းပိုက်လိုက်ပြီးနောက် မာန်အောင်မြို့တွင် စစ်ကောင်စီအဖွဲ့မှ စစ်သား၊ ရဲ အင်အား ၂၀၀ ခန့် ဖြည့်တင်းထားကြောင်းသိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရက္ခိုင့်တပ်တော်မှ ရသေ့တောင်ရှိ ရဲစခန်း ၂ ခုအား သိမ်းပိုက်ပြီးနောက် ယင်းနေ့ မနက် ၁၀ နာရီခန့်တွင် မာန်အောင်မြို့ရှိ နယ်​မြေရဲစခန်းမှ ရဲသားများသည် စခန်းစွန့်ခွာသွားခဲ့ကြသည်ကို တွေ့ရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ငါးဖမ်းဘုတ်များတွင်ပါသည့် လူလတ်ပိုင်း လူငယ်များကို စစ်ကောင်စီ ရေတပ်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ပြောသည်။

ယင်းအပြင် “၁၀၂၇ စစ်ဆင်ရေး တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်။ စစ်ခွေးနှင့်အပေါင်းအပါတွေ ကိုယ့်သေတွင်းကို ကိုယ်တူထားကြ” ဟု စာပါသည့် စာရွက်များစွာကိုလည်း နိုဝင်ဘာ ၁၄ ရက်နေ့က မာန်အောင်မြို့အတွင်း လိုက်ဖြန့်ထားကြောင်း သိရသည်။

ရက္ခိုင်ပြည် ပေါက်တောမြို့တွင်လည်း ယနေ့ နေ့လည်က စစ်ကောင်စီတပ်နေဗီ ၁ စီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး၊ ရဟတ်ယာဥ်ဖြင့် ဝေဟင်မှ ပြည်သူများအား တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်