သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွ တွင် အလျား ၇.၅ ပေရှိသည့် ဝေလငါးမျိုးစိပ် အသေတစ်ကောင် သောင်တင်တွေ့ရှိ

ဂွ တွင် အလျား ၇.၅ ပေရှိသည့် ဝေလငါးမျိုးစိပ် အသေတစ်ကောင် သောင်တင်တွေ့ရှိ

ABN-ရှိုင်းမိုး

ရခိုင်ပြည် ဂွမြို့နယ်၊ ဦးကြွေချိုင်ရွာအနီး ပင်လယ်ကမ်းစပ်တွင် ဧပြီ ၂၆ ရက်နေ့ က အလျား ၇.၅ ပေရှိ ဝေလငါးမျိုးစိပ် အသေတစ်ကောင်ကို သောင်တင်လျက်တွေ့ရှိကြောင်းသိရသည်။

ထိုဝေလငါးကို ပင်လယ်ကမ်းစပ်တွင်လမ်းလျှောက်နေသည့် ဒေသခံရွာသားများကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလျား ၇.၅ ပေ၊ အနံ ၄.၅ ပေရှိသည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့များက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြ သည်ဟု ဒေသ ခံများက ပြောသည်။

အဆိုပါ ဝေလငါးအသေကို ယနေ့ ဧပြီ ၂၇ ရက်နေ့ မနက်က ကြွေချိုင်ရွာအနီးတွင် မြေမြှုပ်လိုက်ကြသည်ဟုဆိုသည်။

” ဘယ်အဖွဲ့စည်းကမှ လာပြီးမယူပါကြပါဘူး၊ သက်ဆိုင်ရာကလည်းလာကြည့်ပြီးဒီတိုင်းသွားခဲ့ကြတယ်၊ ဒါနဲ့ ကျွန်တော်လည်း မြေမြှပ်လိုက်တာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ခမောက်ရွာအနီးတွင် အရှည် ၂၆ ပေရှိ ဝေလငမန်း (Whale Shark) တကောင်ကို သောင်တင်သေဆုံးလျက် တွေ့ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ