ABN – သူရမောင်
ရခိုင်ပြည် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ကျောက်ဖြူခရိုင် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချသည့် ကုန်စည်ပြပွဲကို ၃ ရက်ကြာကျင်းပလျက်ရှိနေသည်။
ကုန်စည်ပြပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်မှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး ပြပွဲသို့ ရခိုင်ပြည် စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်နှင့် အဖွဲ့တို့ တက်ရောက်ခဲ့ကြသည့်အပြင် စစ်ကောင်စီဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကုန်စည်ပြပွဲတွင် ကျောက်ဖြူခရိုင်အတွင်းရှိ လုပ်ငန်းရှင် ၂၂ ဦးတို့၏ ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသနေခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည့် စစ်ကောင်စီတာဝန်ရှိသူများကို မွေးမြူ၊ ထုတ်လုပ်၊ ရောင်းချရေးလုပ်ငန်းများလည်ပတ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြပြောဆိုခဲ့ကြောင်း သိရသည်။
ပြပွဲတွင် အသေးစား၊ အလတ်စားနှင့် အငယ်စားဟူ၍ သုံများသုံးစား ခွဲခြားကာ ကျောက်ဖြူဒေသထွကုန်များဖြစ်သည့် ရွှေပုဇွန်၊ ပါပရာ၊ ဆီ၊ ဆား၊ ဆန်၊ ပုဇွန်၊ ငါးမျိုးစုံနှင့် လက်လုပ်ပစ္စည်းများကို ထည့်သွင်းပြသထားသည်။
ကုန်စည်ပြပွဲကို ဇန်နဝါရီလ ၃၁ရက်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တို့တွင် ဖွင့်လှစ်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။






