သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် တာပေါ်လင်စအမိုးအကာများဖြင့် နေကြရသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးချို့တဲ့နေ

ရခိုင်ပြည် ကမ်းထောင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များ တာပေါ်လင်စအမိုးအကာများနှင့် နေကြရသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်း ရောဂါဝေဒနာများ ခံစားနေရကြောင်း စခန်းတာဝန်က ပြောသည်။

ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း၂၃၇ စုရှိပြီး အိမ်မရှိဘဲ တာလပတ်အမိုးအကာဖြင့်နေရသည့် အိမ်ထောင်စု ၅၉ စုခန့် လူဦးရေ ၁၇၉ ဦးရှိပြီး စခန်းတွင် စုစုပေါင်းလူဦးရေ ၈၀၀ ခန့် ရှိသည်။

၎င်းတို့အထဲမှ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ နှာစေး၊ ချောင်းဆိုးရောဂါ များခံစားနေကြရပြီး ဆေးဝါးများ လုံးဝပြတ်တောက်နေသည်မှာလည်း ၅ လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း အမည်မဖော်လိုသည့် စခန်းတာဝန်ခံက ပြောသည်။

“ဟုတ်ကဲ့ပါရှင့် တာလာပတ်အမိုးအကာနှင့် နေရတဲ့ သူတွေကျတော့ ပိုပြီးဒုက္ခ ရောက်ကြပါတယ် ဆေးဝါးကလည်း ပြတ်တောက်တာ ၅ လလောက်ရှိပြီ၊ နောက်ပြီးအခုက ဆောင်းရာသီဆိုတော့ သူတို့ ညဆိုရင် မြေပေါ်မှာအိပ်ကြရတာဆိုတော့ အရမ်း အေးပြီး နေမကောင်းဖြစ်တာများကြပါတယ် နေ့ခင်းဖက်ဆိုရင်လည်း နေကပူတော့ နေစရာမရှိကြပါဟု” ပြောသည်။

ထိုစစ်ဘေးရှောင်စခန်းသို့ အနွေးထည်များ လာရောက် လှူဒါန်းသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အလှူရှင်များ ရှိကြသော်လည်း အိမ်ထောင်စုအလိုက် လှူဒါန်းကြခြင်း ဖြစ်သည့်အတွက် လူဦးရေများသည့် စစ်ဘေးရှောင်အိမ်ထောင်စုများအတွက် လုံလောက်မှု မရှိကြောင်း စခန်းတာဝန်ခံက ပြောသည်။

“ကယ်ဆယ်ရေးပေးတာက အိမ်ထောင်စုအလိုက်ပေးတာဆိုတော့ မိသားစုနည်းတဲ့ သူတွေမှာတော့ လုံလောက်တယ်၊ ဒါပေမယ့် မိသားစုများတဲ့ သူတွေအတွက်တော့ ဘယ်လိုမှ မလုံလောက်ဘူး” ဟုပြောသည်။

ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်အများစုမှာ ဒါးလက်ချောင်းရှိ ကျေးရွာများမှ အများစုဖြစ်ပြီး မြေပုံမြို့နယ်ဖက်မှလည်း ရှိကြောင်း သိရကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ