
AB News-မတ်လ ၁၊ ၂၀၂၄
ရက္ခိုင်ပြည် အမ်းမြို့နယ် ကဇုကိုင်းရွာအနီး တောဟိန်းတောင်တွင် မီးလောင်နေကြောင်း ရွာသားများကပြောသည်။
ယနေ ညနေ ၇ နာရီခွဲခန့်တွင် စတင် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး လက်ရှိ အချိန် ၁၁ ရီကျော်ထိ မီးလောင်နေကြောင်း ရွာသားများက ပြောသည်။
ထို့အပြင် လက်နက်ကြီးများဖြင့် နှစ်ဖက် ပစ်ခတ်သံများပါ ဆက်တိုက် ကြားနေရကြောင်း သိရသည်။
စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာအား မီးလောင်ခြင်း ဟုတ် မဟုတ်ကိုမူ AB News အနေဖြင့် အတည်မပြုနိုင်သေးပေ။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL