သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ARSA နှင့် AA ထိပ်တိုက်တွေ့ ၊ UNICEF တံဆိပ်ပါ ပစ္စည်းအချို့ AA သိမ်းဆည်း
ARSA နှင့် AA ထိပ်တိုက်တွေ့ ၊ UNICEF တံဆိပ်ပါ ပစ္စည်းအချို့ AA သိမ်းဆည်း

AB News – သြဂုတ် ၂၀၊ ၂၀၂၅
နွယ်စိုး

​မောင်​တော မြောက်ပိုင်းတွင် အကြမ်းဖက် စစ်သွေးကြွ မူဆလင် ARSA အဖွဲ့ဝင် ၂ ဦးထံမှ UNICEF တံဆိပ်ပါ ကျောပိုးအိတ်နှင့် အသုံးအဆောင်အချို့ကို AA က သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့ညက မောင်တောမြောက်ပိုင်းသို့ ခိုးဝင်လာသည့် အဆိုပါ ARSA အဖွဲ့ဝင်နှစ်ဦးသည် AA တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် AA က လိုက်လံရှာဖွေမှုကြောင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

၎င်းတို့ ချန်ထားခဲ့သည့် UNICEF တံဆိပ်ပါ ကျောပိုးအိတ်နှင့် အခြားအသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက AB News သို့ ပြောသည်။

“လူတွေ အိပ်နေတဲ့အချိန် ညသန်းခေါင်ယံမှာ ARSA အဖွဲ့ဝင်နှစ်ဦး မောင်တောမြောက်ပိုင်းထဲ ခိုးဝင်လာတာ။ အဲဒီအချိန်မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့တယ်။ သူတို့မှာပါတဲ့ ပစ္စည်းတွေထားပြီး ထွက်ပြေးသွားတယ်။ UNICEF တံဆိပ်ပါ ကျောပိုးအိတ်တွေနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းကလည်း ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် ARSA အဖွဲ့ဝင်များနှင့်အတူ INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Melteser International တံဆိပ်ပါ ကျောပိုးအိတ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

Melteser International သည် ဂျာမနီနှင့် အမေရိကန်တွင် အခြေစိုက်ထားသည့် အဖွဲ့အစည်းဖြစ်ပြီး ဒုက္ခသည်များနှင့် အကူအညီလိုအပ်သူများအား ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို အဓိက ကူညီပေးနေသည်။

အလားတူ သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်တောမြို့နယ်တွင် အာရက္ခတပ်တော် (AA) က စစ်သွေးကြွ မူဆလင် RIM အဖွဲ့၏ စခန်း ၂ ခုကို လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ