AB News – ဇန်နဝါရီ ၃၀ ၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သား ၁၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး လက်နက်အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်၊ ညနေ ၅ နာရီ၊ ၅၀ မိနစ်တွင် အုတ်တွင်းမြို့နယ်၊ ပြောင်းချောင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကော်မရှင်တပ်ထံမှ MA 2 သေနတ် ၁ လက်၊ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၂ လက်၊ RPG 7 ၁ လက်၊ 60 ကွန်မန်ဒို ၁ လက်၊ 5.56 ကျည်-၃၀၀၀ တောင့်၊ 7.62 G3 ကျည် – ၅၈၀ တောင့် ၊ ကျည်ဘောက် – ၃၂ ခု၊ RPG အဖူး- ၈ ဖူး၊ RPG ပိုယမ်းတောင့် – ၇ တောင့်၊ 60 မမ အသီး ၈ လုံး၊ 40 မမ အသီး ၁၉ လုံး၊ အီနာဂါ ၁၉ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ 14 မိုင်း ၄၂ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ စကားပြောစက် ၁ လုံး၊ စတားလင့်ဘန်း ၁ ခု၊ မီတာဘုတ် – ၁ ခု ၊ မီးစက် – ၁ လုံး၊ ဓါတ်ဆီဗူး ၂၀ ဗူး၊ ကီးပတ်ဖုန်း ၄ လုံး၊ ဖုန်း- ၁၁ လုံး၊ ဓါး ၁၉ ချောင်း၊ စစ်သုံးကျောပိုးအိတ်၊ ဦးထုတ် ၁၄ လုံး၊ စစ်ဝတ်စုံများစွာတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်တွင်လည်း မင်းလှမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။


