သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ရာဟူး ဂန္ဒီဝန်ကြီးချုပ် မိုဒီကို “သူခိုး” ဟုပြောဆိုမှုနှင့် ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရ

အိန္ဒိယနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ရာဟူး ဂန္ဒီဝန်ကြီးချုပ် မိုဒီကို "သူခိုး" ဟုပြောဆိုမှုနှင့် ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရ

ABN-ရှိုင်းမိုး

အိန္ဒိယနိုင်ငံ၏ အတိုက်အခံခေါင်းဆောင် ကွန်ကရက်ပါတီ ဥက္ကဋ္ဌရာဟူးဂန္ဒီက ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကို ” သူခိုး ” ဟုပြောဆိုမှုကြောင့် အသရေ ဖျက်မှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည်ဟုသိသည်။

၂၀၁၉ ခုနှစ်က ရွေးကောက်ပွဲတွင် ရာဟူးဂန္ဒီက ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၏ မျိုးနာမည်ကိုရွတ်ဆိုပြီး သူခိုးဟုဟောပြောခဲ့သောကြောင့် ဂူဂျာရတ်ပြည်နယ် တရားရုံးကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရာဟူးဂန္ဒီအနေဖြင့် ချက်ချင်း ထောင်အကျဥ်းချခံရမည်မဟုတ်ဘဲ ၁ လအာမခံဖြင့် အယူခံဝင်နိုင်သေးသည်။

၂၀၁၉ ခုနှစ်က ကာနာတာကာပြည်နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဟောပြောနေစဥ် ရာဟူးဂန္ဒီက ” ဘာကြောင့် သူခိုးတွေအားလုံးရဲ့နာမည်အရင်းမှာ မိုဒီပါနေရသလဲဟု” ပြောဆိုခဲ့သည်။

ထိုသို့အမိန်ချခံရပြီးနောက် မစ္စတာ ဂန္ဒီက ” ဒီမိုကရေစီကို အလေးထားလို့” သူဒီမိန့်ခွန်းကိုပြောခဲ့တာလို့ တရားသူကြီးကို ပြောခဲ့ကြောင်း သူရဲ့ရှေ့နေ ကာရစ်ပန်ဝါလာက BBC သတင်းဌာနသို့ပြောခဲ့သည်။

” လူတစ်ယောက်က ရှေ့နေအားလုံးသူခိုးတွေပါလို့ပြောလာတိုင်း ကျွန်တော့်ကိုအသေရေဖျက်မှုနဲ့ ကျွန်တော်တရားစွဲလို့မရပါဘူး” ဟုကွန်ဂရက်ပါတီက ရာဟူးဂန္ဒီအမှုနှင့် ပတ်သက်၍ အယူခံဝင်သွားမည်ဟုဆိုသည်။

ရာဟူးဂန္ဒီ၏ အကျိုးဆောင်များက အချက် ၄ချက်ကို အ​ခြေခံပြီး ရာဟူးဘက်မှ ကာကွယ်ပေးသွားမည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံ၏ အသေရေဖျက်မှုရာဇဝတ်ဥပဒေမှာ ဗြိတိသျှကိုလိုနီခေတ်ကရေးဆွဲထားသော ဥပဒေဖြစ်ပြီး အများဆုံးထောင်ဒဏ် ၂နှစ်၊ သို့မဟုတ် ဒဏ်ငွေဖြစ်စေ ပြစ်ဒဏ်ဖြစ်စေ ကျခံရနိုင်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ