သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယနိုင်ငံတွင်း တရားမဝင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို အာသံပြည်အစိုးရ နှင်ထုတ်

AB News – အောက်တိုဘာ၂၂၊ ၂၀၂၅
ဖြိုးဇော်

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင်းသို့ ဘင်္ဂလားဒေ့ချ်နိုင်ငံမှ ခိုးဝင်လာသော ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၈ဦးကို အောက်တိုဘာ ၂၁ရက်နေ့တွင် အာသံပြည်နယ်အစိုးရမှ နှင်ထုတ်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းရင်းမြစ်များထံမှ သိရသည်။

အာသံပြည်နယ်ဝန်ကြီးချုပ် ဘီဆဝါဆာမား က ခိုးဝင်လာသော ဘင်္ဂလား‌ဒေ့ရှ်လူမျိုးများသည် အာသံနယ်မြေအား ကျူးကျော်လာနိုင်‌သော အခြေအနေရှိကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာ X (Twitter)တွင်‌ ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

အောက်တိုဘာ ၂၀ရက်နေ့တွင်လည်း အာသံပြည်နယ်၊ သီရီဘူမိခရိုင်ထဲသို့ ခိုးဝင်လာသော ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၈ဦးကိုနှင်ထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အာသံပြည်နယ်အတွင်းသို့ တစ်ပတ်အတွင်းဘင်္ဂလားဒေ့ချ်နိုင်ငံသား ၃၅ဦးမှ ၄၀ဦးအထိ ခိုးဝင်နေလာ၍ ဖမ်းစီးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ပြန်လည်နှင်ထုတ်နေရကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၊ အာသံပြည်နှင့် ဘင်္ဂလားဒေ့ချ်နိုင်ငံသည် ၂၆၃ကီလိုမီတာထိ နယ်နိမိတ်ချင်းထိစပ်နေပြီး ခိုးဝင်သူများသည် အာသံအပြင် မဏိပူရနှင့် တြိပူရနယ်များ သို့ ဟိန္နူဘာသာရေး အထွတ်အမြတ်ပွဲ‌တော်ကာလများ၊ ဒေဝါလီ‌ကာလများတွင် အများဆုံး ခိုးဝင်ကြကြောင်း သိရသည်။

အာသံပြည်နယ်တွင် မူဆလင် ၄၀ရာခိုင်နှုန်း ရှိပြီး ဘင်္ဂလားဒေ့ချ် ဘက်မှစိမ့်ဝင်သာ သူများလည်းရှိကြောင်းသိရသည်။

ပြီးခဲ့သည်အောက်တိုဘာလ ၁၉ရက်က တြိပူရပြည်နယ်သို့ခိုးဝင်လာသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၁ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ် BSF က ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ