သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အိန္ဒိယတွင် မိုးကြီး၍မြေပြိုမှုကြောင်း လူ ၇ဦးသေဆုံး

အိန္ဒိယတွင် မိုးကြီး၍မြေပြိုမှုကြောင်း လူ ၇ဦးသေဆုံး

ABN-ရှိုင်းမိုး

သြဂုတ် ၁၄ရက်

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်၊ ဆိုလန်ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် ဩဂုတ်လ ၁၃ ရက်နေ့က မိုးကြီး၍ မြေပြိုမှုများကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဩဂုတ်လ ၁၃ရက်နေ့ တစ်နေ့လုံး မိုးပြင်းပြင်း ထန်ထန် ရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ခဲ့ရာ ဆိုလန်ခရိုင်ရှိ ဂျဒုံကျေးရွာတွင် လူ ၇ ဦးသေဆုံးပြီး လူ ၆ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ခရိုင်ကော်မရှင်နာ မန်မိုဟန်ချာမာက ဆိုသည်။

မိုးကြိုးမုန်တိုင်းများနှင့်ဆက်စပ်သည့် မိုးတိမ်တောင်များဖြစ်ပေါ်မှုကြောင့် ဟီမာချယ် ပရာဒတ်ချ်ပြည်နယ်နှင့် အက်ထရခန်ပြည်နယ်တို့တွင် ဩဂုတ်လ ၁၃ ရက်နေကစ၍ မိုးကြီး၊ရေကြီးမှုများဖြစ်ခဲ့ပြီး လမ်း၊ တံတားများ ပြိုကျပျက်စီးခဲ့သည်။

လက်ရှိအချိန်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဟီမာချယ် ပရာဒတ်ချ် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်ထားကြောင်း ဝန်ကြီးချုပ် ဆုခ်ဘင်ဒါဆင်းဂ်ဆူခူက ပြောကြားသည်။

မိုးကြီး၊ ရေကြီးမှုကြောင့် လမ်းစုစုပေါင်း ၆၂၁ လမ်း ပိတ်ဆို့နေပြီး မီးရထားပြေးဆွဲမှုများကိုလည်း ယာယီ ရပ်နားထားရကြောင်း သိရသည်။

အိန္ဒိယမိုးလေဝသဌာနမှ ဩဂုတ်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း များဖြစ်ပေါ်နိုင်ပြီး ရေကြီးခြင်းနဲ့ မြေပြိုခြင်းများလည်းဖြစ်ပေါ်နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ဟီမာချယ်ပရာဒတ်ချ်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ၂၄ ရက်နေက မိုးစတင်ရွာသွန်းချိန်မှစ၍ ရေကြီးမြေပြိုမှုများကြောင့် လူ ၂၅၇ ဦး သေဆုံးပြီး ရူပီး ၇၀၂၀ ကုဋေနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း အိန္ဒိယအစိုးရ၏ အချက်အလက်များအရ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ