
AB News – ဇန်နဝါရီ ၃၁၊ ၂၀၂၆
ဂျုလိုင်
အမေရိကန်ပြည်ထောင်စုမှ အစ္စရေးနိုင်ငံနှင့် ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများရောင်းချခြင်းကို ထရမ့်အစိုးရမှ တရားဝင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ထရမ့်အစိုးရမှ အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၆.၆၇ ဘီလီယံ တန်ဖိုးရှိသည့် စစ်လက်နက်ပစ္စည်းရောင်းချမှု အကြီးစားတစ်ရပ်ကို ခွင့်ပြုလိုက်ပြီး အလားတူ ဆော်ဒီအာရေဘီးယားနိုင်ငံအား ဒေါ်လာ ၉ ဘီလီယံ တန်ဖိုးရှိသည့် လက်နက်ရောင်းချမှုကိုပါ ခွင့်ပြုခဲ့သည်။
အဆိုပါ အရှေ့အလယ်ပိုင်းဒေသများရှိ အမေရိကန်မိတ်ဖက်နိုင်ငံများသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုကို ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဌာနမှ အတည်ပြုပြောကြားခဲ့သည်။
အစ္စရေးနိုင်ငံသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုကို အသုတ်လိုက်ခွဲပြီး ၄ ဖြတ် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်တိုက်ခိုက်ရေး ဟေလီကော့ပတာ (Apache helicopter) ၃၀ စင်းနှင့် အခြားဆက်စပ်လက်နက်များပါဝင်ပြီး Light tactical vehicles ၃၂၅၀ စီးခန့် ပါဝင်ကြောင်း ဆိုသည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံသို့ ရောင်းချမည့် စစ်လက်နက်များမှာ Patrio ဒုံးကျည် ၇၃၀ စင်းနှင့် အခြားဆက်စပ်လက်နက်များဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားရေး ရည်မှန်းချက်များကို ထောက်ပံ့ပေးရန်၊ NATO မဟုတ်သော မိတ်ဖက်အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ လုံခြုံရေးကို မြှင့်တင်ပေးခြင်းအားဖြင့် ပင်လယ်ကွေ့ဒေသအတွင်း နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုကို ပိုမိုကောင်းမွန်လာစေမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောကြားခဲ့သည်။
အီရန်နိုင်ငံကို အမေရိကန်တပ်ဖွဲ့များ စစ်ရေးတိုက်ခိုက်နိုင်ခြေရှိလာမှုကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာနေချိန်တွင် ၎င်းစစ်လက်နက်ပစ္စည်းရောင်းချမှုကို အမေရိကန်ဖက်မှ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
တဖက်တွင်လည်း ထရမ့်အစိုးရက ဂါဇာဒေသအတွက် ceasefire စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်နေစဥ်အတွင်း စစ်လက်နက်ပစ္စည်းရောင်းချမှုကို ခွင့်ပြုပေးခဲ့သည့်အတွက် ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။