သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမေရိကန် USAlD ၏ အကူအညီများ ရပ်တန့်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့ငွေ ထက်ဝက်လျော့ချသွားမည်ဟု WFP ပြော

AB News – မတ် ၈ ၊၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုကို လာမည့် ဧပြီလမှစပြီး ထက်ဝက်လျှော့သွားမည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထုတ်ပြန်သည်။

ယခင် တစ်ဦးလျှင် ၁၂.၅ ဒေါ်လာဖြင့်ပေးဝေနေသည့် စားနပ်ရိက္ခာများကို ၆ ဒေါ်လာအထိ လျှော့ချမည်ဖြစ်သည့်အတွက် ဒုက္ခသည်များအတွက် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်စေမည်ဟု ဆိုထားသည်။

ထိုကဲ့သို့ စားနပ်ရိက္ခာများလျှော့ချလိုက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်ဒုက္ခသည်များမှာ စားဝတ်နေရေးအတွက် စိုးရိမ်နေကြသည်ဟု သိရသည်။

ယင်းအပြင် စားနပ်ရိက္ခာလျှော့ချလိုက်ခြင်းသည် အမေရိကန်အစိုးရ၏ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAlD အကူအညီများ ရပ်တန့်မှုကြောင့်ဟု WFP၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများအတွင်း နေထိုင်ကြသည့် မူဆလင်ဒုက္ခသည်များသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၏ ဒုက္ခသည် အသိအမှတ်ပြု UN ကတ်များဖြင့် နေထိုင်ကြသူများဖြစ်သည်။

အဆိုပါကတ် ရရှိထားသူများသည် လူတစ်ဦးလျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာဂါ ၁၂၅၀ နှင့် ညီမျှသော ကုန်ပစ္စည်းများကို WFPထံ မှ ရရှိသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းမီ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်၏ ရက္ခိုင်ပြည်အတွင်း လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သိန်းချီသည့် မူဆလင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အများစုမှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရသည်။

ယင်းအပြင် ၂၀၁၇ခုနှစ်တုန်းက ရက္ခိုင်ပြည်အတွင်း မူဆလင်လူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စိုးဝင်းနှင့် စစ်တပ်အရာရှိ ၂၂ ဦး၊ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဆိုပါနှစ်တုန်းက သမ္မတတာဝန်ယူထားသည့် သမ္မတဦးထင်ကျော်တို့ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အာဂျင်တီးနားတရားရုံးမှ ဖမ်းဝရမ်းထုတ်ခဲ့သည့်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မူဆလင်များအား အတင်းအကျပ်မောင်းထုတ်မှု၊ ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့သည့်စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ရှေ့နေချုပ် Karim Khan က ICCသို့ ဖမ်းဝရမ်းထုတ်ရန် လျှောက်လဲချက်တင်ပြခဲ့သည်။

Photo credit-WFP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ