သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စလာမ်မစ်အကြမ်းဖက်သမားများအား တိုက်ခိုက်ရန် နိုင်ဂျီးရီးယားသို့ အမေရိကန်စစ်သား ၁၀၀ ကျော် စေလွှတ်

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆

နိုင်ဂျီးရီးယားနိုင်ငံအတွင်း အစ္စလာမ်မစ် စစ်သွေးကြွ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြိမ်းခြောက်မှုများအား ကိုင်တွယ်ဖြေရှင်းရန်နှင့် တန်ပြန်နှိမ်နင်းတိုက်ခိုက်ရန်တို့အတွက် အမေရိကန်နိုင်ငံမှ စစ်သား ၁၀၀ စေလွှတ်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။

၎င်းနိုင်ငံအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းမှာ အသက်အန္တရာယ်ဆိုင်ရာ ခြိမ်းခြောက်တိုက်ခိုက်မှုများ ဆက်လက် မြင့်တက်လာခြင်းကြောင့် အမေရိကန်အနေဖြင့် နိုင်ငံအတွင်း ဒေသခံတပ်ဖွဲ့များအား လေကျင့်ပေးရန်နှင့် တိုက်ခိုက်ရေးစွမ်းရည်မြင့်မားစေရန်တို့အတွက် အဓိကဆောက်ရွက်နိုင်စေ‌ရေး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ စေလွှတ်ထားသည့် စစ်သားအယောက် ၁၀၀ သည် နိုင်ဂျီးရီးယားမြောက်ပိုင်း ဘော်ချီဒေသသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရောက်ရှိလာကြောင်း နိုင်ဂျီးရီးယားကာကွယ်ရေးဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆာမေလာ အူဘာက အတည်ပြု ပြောဆိုထားသည်။

အမေရိကန်စစ်သားများသည် တိုက်ခိုက်ရေးအခန်းကဏ္ဍတစ်ခုတည်းသာမက နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များ၏ ကွပ်ကွဲမှုအောက်တွင် နည်းပညာပံ့ပိုးမှုများ၊ စစ်ရေးလေကျင့်ပေးမှုများနှင့် စစ်နည်းဗျူဟာများအရ အကြံဉာဏ်များ မျှဝေသင်ကြားပေးလာမည်ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အစ္စလာမ်မစ်အကြမ်းဖက် (IS) စစ်သွေးကြွများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်၏ စစ်ဖက် အဖွဲ့အစည်းတစ်ခုက နိုင်ဂျီးရီးယားနိုင်ငံအား ထောက်လှမ်းရေးစွမ်းရည်မြင့်တင်ရန် ပြုပြင်ဆောက်ရွက်ပေးနေကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ဂျီးရီးယားနိုင်ငံသည် အနောက်မြောက်ပိုင်းရှိ အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခရစ်ယာန်များအပေါ် ရက်စက်ကြမ်းကြုတ်သတ်ဖြတ်သည့်လုပ်ရပ်များကို မကာကွယ်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ခရစ်ယာန်အသိုက်အဝန်းများအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကို တားဆီးရန် နိုင်ဂျီးရီးယားအစိုးရက ပျက်ကွက်ခဲ့ပါက အမေရိကန်က စစ်ရေးအရ ကြားဝင်ဆောင်ရွက်ရမည်ဟုလည်း သမ္မတထရမ့်က ခြိမ်းခြောက်ပြောဆို ခဲ့ဖူးသည်။

သမ္မတ ထရမ့်က “နိုင်ဂျီးရီးယားမှာ ခရစ်ယာန်လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားနေတယ်။ မူဆလင်တွေ၊ ခရစ်ယာန်တွေနဲ့ ဘာသာမဲ့တွေဟာ တိုက်ခိုက်မှုတွေရဲ့ သားကောင်တွေဖြစ်နေတယ်” ဟု ဆိုသည်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်း လူမျိုးစုပေါင်း ၂၅၀ ကျော်ရှိပြီး မြောက်ပိုင်းတွင် မူဆလင်အများစု နေထိုင်ကြပြီး တောင်ပိုင်းတွင် ခရစ်ယာန်အများစုနေထိုင်ကာ အလယ်ပိုင်းတွင် ရောနှောနေထိုင်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်