သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အစ္စရေးက ဂါဇာကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုများ အဆုံးသတ်ရန် ကမ္ဘာတဝန်းရှိ မွတ်ဆလင်များ တောင်းဆိုဆန္ဒပြ

အစ္စရေးက ဂါဇာကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုများ အဆုံးသတ်ရန် ကမ္ဘာတဝန်းရှိ မွတ်ဆလင်များ တောင်းဆိုဆန္ဒပြ

ABN-နွယ်စိုး

အောက်တိုဘာ ၂၁ ရက့

ဂါဇာကမ်းမြောင်ဒေသတွင်ရှိသည့် ဟားမတ်စ်များကို အစ္စရေး တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ကမ္ဘာ့တဝန်းမှာရှိသည့် မွတ်ဆလင်များသည် ဆန္ဒပြပွဲများ ပြုလုပ်နေကြပြီး ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှုများ အဆုံးသတ်ရန် တောင်းဆို ဆန္ဒပြနေကြသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ဟားမတ်စ်များ တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ ကျော်သေဆုံးခဲ့ကာ ဓါးစာခံများ ဖမ်းဆီးခံရပြီးနောက် ဂါဇာက ဟားမတ်စ်များကို လက်တုံ့ပြန်သည့်အနေဖြင့် ချေမှုန်းရန်အတွက် အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှု စတင်ဖို့ ပြင်ဆင်နေပြီဖြစ်သည်။

အနောက်နိုင်ငံအစိုးရများအနေဖြင့် အစ္စရေး၏ စစ်ဆင်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုနေကြသော်လည်း မွတ်ဆလင်နိုင်ငံအများအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၏ လက်ရှိအခြေအနေအပေါ် အမျက်ထွက်နေကြပြီး ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်ကြောင်းပြသကာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ အင်္ဂါနေ့က ဂါဇာမြို့ရှိ အယ်လ်အာလီဆေးရုံတွင် ပေါက်ကွဲမှုတစ်ခုကြောင့် လူရာနှင့်ချီ သေဆုံးခဲ့ရပြီးနောက် အင်္ဂါနေ့နှောင်းပိုင်းမှာ ဒေသအများအပြားတွင် ဆန္ဒပြပွဲများ ရုတ်တရက် ဖြစ်ပွားခဲ့သည်။

ဆေးရုံပေါက်ကွဲမှုဖြစ်ပွားမှုသည်အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုဟု ဟားမတ်စ်အဖွဲ့က စွပ်စွဲထားသော်လည်း အစ္စရေးများအနေဖြင့် ဟားမတ်စ်အဖွဲ့၏ ဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ဖြစ်ခဲ့ခြင်းကြောင့် ဆေးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အစ္စရေးကလည်း ပြောဆိုထားသည်။

၁၉၉၄ ခုနှစ်အတွင်း အစ္စရေးနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ဂျော်ဒန်နိုင်မြို့လယ်တွင် ပါလက်စတိုင်းဆန္ဒပြသူ ၆၀၀၀ ကျော်သည်အစ္စရေးသံရုံးအနီးမှာ ဆန္ဒပြခဲ့ကြပြီး ဟားမတ်စ်အဖွဲ့ကို ထောက်ခံကြောင်း၊ အစ္စရေးကို ဒုံးကျည်များ၊အသေခံဗုံးခွဲများနှင့် တိုက်ခိုက်ဖို့ တိုက်တွန်းခဲ့ကြပြီး” ကျွန်ုပ်တို့သည် သင်၏စစ်တပ်ဖြစ်သည်”ဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

အစ္စရေးနှင့် သံတမန်ဆက်ဆံရေး အပြည့်အဝရှိခဲ့သည့် အခြားနိုင်ငံနှစ်ခုဖြစ်သည့် တူရကီနှင့် အီဂျစ်ရှိ မွတ်ဆလင်များကလည်း အစ္စရေးအနေဖြင့် ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှု အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု၏ ပုံကို မီးရှို့ကာ လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်ဖို့၊ အကြမ်းဖက်သမား အစ္စရေးစသည့် စာတန်းများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

ဂါဇာရှိ ဆေးရုံတစ်ခုတွင် ဒုံးကျည်ထိမှန်ပေါက်ကွဲမှုကြောင့် လူရာနှင့်ချီ သေဆုံးပြီးနောက် ကမ္ဘာတဝန်းက မွတ်ဆလင်များက ဆန္ဒပြပွဲများ ပြုလုပ်လာခဲ့ကြပြီး အချို့သော ဆန္ဒပြသူများသည်အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး စစ်မှန်သည့် အကြမ်းဖက်ဝါဒကို ထောက်ခံတာ အစ္စရေးနဲ့ အမေရိကပါ ဟု တူနီးရှား လူအုပ်ကြီးမှ ဆန္ဒပြသူ Souhil Ben Nasser က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ မြို့တော်အသီးသီးရှိ အမေရိကန်သံရုံးများအနီးတွင်လည်း ဆန္ဒပြသူများ စုဝေးကာ အစ္စရေးအလံများကို မီးရှို့၍ အစ္စရေဝန်ကြီးချုပ် နေတန်ယာဟုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့၏ ဓာတ်ပုံများကိုလည်း မီးရှို့ခဲ့ကြသည်။

ကွာလာလမ်ပူမှ ဆန္ဒပြသူ Qilla Marisa က “ဒီနေ့ အစ္စရေးရဲ့ ရာဇ၀တ်မှုအပေါ် ရှုံ့ချဖို့ တူညီတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေရာကို စုရုံးနေပါတယ်”ဟု ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံရှိ မူဆလင်များသည်လည်း Jaipur နှင့် Mumbai တို့တွင် Free Palestine ဟူသော စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။

Ref-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ