သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း လုံခြုံရေးဝန်ထမ်း ၅ ဦးသေဆုံး၊ ထိုင်းတောင်ပိုင်းတွင် လုံခြုံရေးအင်အား တိုးမြှင့်ထား

AB News-မတ် ၁၁၊ ၂၀၂၅

ထိုင်းတောင်ပိုင်း ပတာနီခရိုင် ဆိုင်ဘူရီနှင့် နာရာသီဝပ်ခရိုင် ဆန်ဂိုင်းကိုလက် ၂နေရာတွင် မတ်လ ၉ ရက်နေ့၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးဝန်ထမ်း ၅ ဦးသေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများမှ သိရသည်။

၎င်းဖြစ်စဥ်ကို အမှတ် (၄) တပ်မတော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ပိုင်ဆန်နူဆန် သွားရောက် စစ်ဆေးခဲ့ပြီး လုံခြုံရေးတိုးမြှင့်ရန် မှာကြားခဲ့သည်။

ကားအတွင်း ၁၀၀ ကီလိုဂရမ်ဂတ်စ်အိုးနှင့် ပေါက်ကွဲစေသည့် ယမ်းများ၊ အဝေးထိန်းရေဒီယိုအချက်ပြစနစ်အသုံး ပြုထားသည့် ကားနှင့် တိုက်ခိုက် ဖောက်ခွဲခဲ့သဖြင့် အစိုးရအဆောက်အအုံ နှင့် ရုံးများ ပျက်စီးခဲ့ရသည်။

မလေးရှားနယ်စပ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားဖွယ်ရာ ပြဿနာများကြောင့် ယခင် ရာမာဒန်ဥပုသ်လ နှောင်းပိုင်းတွင် ရံဖန်ရံခါ အကြမ်းဖက် တိုက်ခိုက်မှုများရှိသော်လည်း ယခုနှစ် ရာမာဒန်ဥပုသ်လ အစတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ​ခြင်း ဖြစ်သည်။

၎င်းဒေသရှိ အစိုးရ အဆောက်အအုံ နှင့် ရုံးများအတွင်း ပြင်ပယာဥ်များ ဝင်ခွင့်မပြုတော့သည့်အပြင် အနီးအနား သွားလာသည့် ယာဥ်များကိုလည်း ၂၄ နာရီစောင့်ကြည့်ရန်၊ မသင်္ကာဖွယ်ရာများ မြင်လျှင်လည်း ပြည်သူများ အကြောင်းကြားရန် ဒုတိယဗိုလ်ချုပ်ကြီး ပိုင်ဆန်နူဆန်က မှာကြားခဲ့သည်။

ထို့အပြင် ဂျာမနီမှ ဘန်ကောက်လေဆိပ်သို့ မတ်လ ၉ ရက်နေ့တွင် ရောက်ရှိသည့် ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ကလည်း ထိုဖြစ်စဥ်အတွင်း သေဆုံး ဒဏ်ရာရရှိခဲ့မူအပေါ် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းမိကြောင်းနှင့် လုံခြုံရေးအင်အား တိုးမြှင့်ထားရန် ထုတ်ပြန်မှာကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ