သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
လာမည့်ရွေးကောက်ပွဲတွင် အလားအလာကောင်းနိုင်သည့်ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကွယ်လွန်

AB News ဒီဇင်ဘာ ၃၀၊ ၂၀၂၅
LOKI

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ဘီဂမ် ခါလီဒါဇီယာသည် ၂၀၂၆ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ တွင် ဝန်ကြီးချုပ်နေရာကိုပြန်လည်ရယူရန် လူထုထောက်ခံမှုနှင့် အခြေနေတစ်ရပ်အထိ အလားအလာကောင်းနေသူဖြစ်ရာ ယနေ့ ဒီဇင်ဘာလ ၃၀ရက် နံနက်ပိုင်းတွင်ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့ပြီး၊ BNP ပါတီ၏ဥက္ကဌဖြစ်ကာ ယနေ့ နံနက် ၆နာရီဝန်းကျင်အချိန်တွင် ဘုရားဝတ်ပြုအပြီး ရုတ်တရက်ကွန်လွန်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဝန်ကြီးချုပ်ဟောင်းမှာ အသက် ၈၀ ရှိပြီး၊ ပြီးခဲ့သည့်လပိုင်းက အသက်ရှုကြပ်ခြင်းဝေဒနာကို ခံစားနေရကာ ဆေးကုသမှုခံယူနေရသူဖြစ်‌ကြောင်း သိရှိရသည်။

၎င်းမှာ၂၀၁၈ ခုနှစ် ဟာဆီနာအစိုးရလက်ထက်တွင် အကျင့်ပျက်ခြစားမှုနှင့် အကျဉ်းကျခံရပြီး၊ ၂၀၂၄ ခုနှစ် ဟာဆီနာအစိုးရပြုတ်ကျပြီးနောက် ပြန်လည်လွတ်မြှောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဝန်ကြီးချုပ်ဟောင်းသည် လာမည့် ၂၀၂၆ ခုနှစ်တွင်း ရွေးကောက်ပွဲပြန်လည် ဝင်ပြိုင်ရန် စီစဉ်ထားခဲ့ပြီး အသက်ရှိစဥ်က လူထုထောက်ခံမှု တစ်ခဲနက်ရရှိခဲ့ကြောင်းနှင့် လက်ရှိ BPN ပါတီကို သားဖြစ်သူ တာရစ်ရာမန်က ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ