သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း ၇ ခု တိုက်ခိုက်ခံရ၊စစ်သား ၈ ဦးသေဆုံး

AB News-ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅

ပဲခူးတိုင်းအရှေ့​ခြမ်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း ၇ ခုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ် ပူးပေါင်းတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး ၂ ယောက် ဒဏ်ရာရသွားကြောင်း NUG ရုံးချုပ်မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နှင့် ဖြူးမြို့နယ်တွင်ရှိသည့် စစ်ကောင်စီဂိတ်စခန်း ၇ခု ကို ဖေဖော်ဝါရီ ၂၅ မှ ၂၆ အထိ ၂ ရက်အကြာ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါစခန်းများကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် ၃၇၀၂ တပ်ရင်း၊အမှတ် ၃၅၀၂ တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း၇၈၀၃၊ ဧရာဝတီစစ်ကြောင်း ၆၀၀၂၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ အဖွဲ့များနှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအ​ပြင် ပဲခူးတိုင်းအတွင်း ​စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်စခန်းများ၏ အနီးဝန်းကျင်တွင် မလိုအပ်လျှင် သွား‌ရောက်ခြင်း မပြုကြရန်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်မှ အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ