သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မော်လိုက်ခရိုင်တွင် သိမ်းငှက်စစ်ဆင်ရေးကာလအတွင်း စစ်တပ်နှင့် ပျူ ပူးပေါင်းစခန်း ၈ ခုနှင့် ရွာ ၁၇ ရွာ သိမ်းပိုက်ထိန်းချုပ်

AB News – နိုဝင်ဘာ ၂၅ ၊ ၂၀၂၅
ဖြိုးဝေ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်တွင် သိမ်းငှက်စစ်ဆင်ရေး ကာလအတွင်း အကြမ်းဖက် စစ်ကော်မရှင်ပျူ ပူးပေါင်းစခန်း ၈ ခုနှင့် ရွာ ၁၇ ရွာကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းအရင်းအမြစ် အရ သိရသည်။

မော်လိုက်ခရိုင်တွင် သိမ်းငှက်စစ်ဆင်ရေးကို သြဂုတ်လမှ နိုဝင်ဘာ ၂၄ ရက်နေ့အထိ ဖော်ဆောင်ခဲ့ရာ ပျူစခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၀၀ ကျော်သေဆုံးကာ အများပြားဒဏ်ရာရရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို မော်လိုက်တော်လှန်ရေး အင်အားစုများဖြစ်သော ခရိုင် တပ်ရင်း ၁၊ တပ်ရင်း၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄၊ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် ခရိုင်ကွတ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

၎င်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သော ပျူစခန်းမှာ ထော်သာရွာ ပျူစောထီးစခန်း၊ အော်ဇီးခုံရွာစခန်း ၊ ညောင်ဝန်းရွာပျူစောထီးဂိတ်စခန်း၊ နောင်ပိန်းရွာစခန်းကုန်း၊ နားပင်ရွာစခန်းကုန်းနှင့် တောင်အင်ရွာစစ်တပ်စခန်း၊ ဆွန်းနန်းပျူစောထီးစခန်း၊ အိုးဘိုပျူစောထီးစခန်းနှင့် ထိန်သာရွာ ပျူစောထီးစခန်းတို့ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စစ်ဆင်ရေးနယ်မြေအတွင်းရှိ တောင်သူလယ်သမားများ စပါးရိတ်သိမ်းချိန်နှင့် ပြည်သူလူထု စစ်ဘေးရှောင်ရခြင်း အခက်ခဲများကို ငဲ့ညာထောက်ရှုသောအားဖြင့် သိမ်းငှက် စစ်ဆင်ရေး ထိုးစစ်ကို အထက်ညွှန်ကြားချက်အရ ရက်အကန့်သတ်မရှိ ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း အသိပေးထားသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ