
AB News – ဇန်နဝါရီ ၂၇ ၊ ၂၀၂၆
မလေးရှားနိုင်ငံ၊ စီနိုင်မြို့တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ဇာတိဖြစ်သည့် ရက္ခိုင်လူမျိုး အမျိုးသားတစ်ဦး ယနေ့ ဇန်နဝါရီ ၂၇ရက်နေ့တွင် အိပ်နေစဥ် ရုတ်တရက် သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးခဲ့သူမှာ ကျောက်ဖြူမြို့နယ်၊ ချောင်းဝအုပ်စု၊ ကုလာဘာကျေးရွာမှ အဖ ဦးသာနု၏ သား ကိုမျိုးသန်းအောင် ဖြစ်ကြောင်း သိရသည်။
ကိုမျိုးသန်းအောင် ၏ မိဘများနှင့် ဇနီးဖြစ်သူမှာ ၎င်းတို့ နေထိုင်သော ကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိသောကြောင့် ကိုမျိုးသန်းအောင် သေဆုံးခဲ့သည်ကို မသိရသေးကြောင်း သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက AB News သို့ ပြောသည်။
“ကိုမျိုးသန်းအောင် ဒီလို ရုတ်တရက် သေဆုံးတာကို သူ့ရဲ့ ရွာဘက်မှာ လိုင်းမရတော့ ရွာက သူ့ရဲ့ မိဘတွေနဲ့ ဇနီးသည် မသိသေးပါဘူး။ သူ့မှာ ကလေး ၄ ယောက် ရှိပါတယ်။ သူ့ရဲ့ မိသားစုကို အမြန်ဆုံး ဆက်သွယ်ဖို့ ကြိုးစားနေတာပါ” ဟု ပြောသည်။