သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းတုန်းရှိ ဗုံးဒဏ်သင့်ပြည်သူများအတွက် တစ်မိနစ်ခန့် ငြိမ်သက်ခြင်းကို CDF-Asho ပြုလုပ်

AB News – မတ် ၃၊ ၂၀၂၆

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးရှိ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့်ငြိမ်သက်ခြင်းကို ချင်းကာကွယ်ရေးတပ်-အရှို (CDF – Asho) က ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီး ကုန်ကားများ ရပ်နားနေသည့် နေရာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကုန်ခရီးသွားနေသည့် ပြည်သူ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများတွင် ရက္ခိုင်ကုန်သည်အများစု ပါဝင်ကြောင်း သိရသည်။

ထိုဗုံးကြဲခံရမှုအတွင်း သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းမိကြောင်း CDF-Asho က ဆိုသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကော်မရှင်မှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ပေါင် ၂၀၀ ဗုံး နှင့် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကုန်ကားများနှင့် ကုန်ပစ္စည်း အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကော်မရှင်သည် နိုင်ငံအနှံ့ စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။

AB_News #မကွေးတိုင်း #မင်းတုန်း #ပြောင်းကျေးရွာ #ဗုံးဒဏ်သင့်ပြည်သူ #ဝမ်းနည်း #CDF_Asho

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ