သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းတုန်းရှိ ကုန်ကားများကို စကမ လေကြောင်းတိုက်ခိုက်၊ ရက္ခိုင်ကုန်သည် ၂၁ ဦးထက်မနည်း သေဆုံး



‎AB News – မတ် ၁၊ ၂၀၂၆

‎မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးတွင် ရက္ခိုင်သို့ ကုန်စည်ပို့ဆောင်မည့် ကုန်ကားများရပ်နားနေစဥ် စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရက္ခိုင်ကုန်သည် ၂၁ ဦးမနည်းသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

‎ယနေ့ မတ်လ ၁ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကုန်ခရီးသွားနေသည့် ရက္ခိုင်ကုန်သည် ၂၁ ဦးမနည်းသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

‎လက်ရှိ ဒဏ်ရာရရှိသူများမှာ နီးစပ်ရာဆေးခန်းများတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

‎ယင်းအပြင် အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ကုန်ပစ္စည်းများနှင့် ကုန်တင်ကားများ မီးလောင်ပျက်စီးခဲ့ရကြောင်း ဆိုသည်။

‎ပုံ – Khit Thit Media

‎#မကွေးတိုင်း #မင်းတုန်း #ကုန်တင်ကား #စစ်ကော်မရှင် #လေကြောင်းတိုက်ခိုက်မှု #ရက္ခိုင်ကုန်သည် #သေဆုံးမှု

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ