သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းကို BWM အဖွဲ့များ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

AB News – သြဂုတ် ၂၇၊ ၂၀၂၅
ဒေဝီ

သြဂုတ်လ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းကို Brave Warriors for Myanmar (BWM) ဦးဆောင်သည့် တော်လှန်ရေးအဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

BWM ၏ ထုတ်ပြန်ချက်အရ နံနက် ၁၀ နာရီကျော်တွင် ပစ်လွှတ်ခဲ့သော ရှော့တိုက်ဒုံး ၉ လုံးသည် သတ်မှတ်ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ရေးကျောင်းသည် စစ်ဘက်အရာရှိများဖြစ်သည့် တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး အဆင့်များကို သင်တန်းပေးနေသည့် နေရာဖြစ်ပြီး၊ ယခုပြန်လည်ဖွင့်လှစ်သည့် သင်တန်းတွင် စစ်အရာရှိ ၄၀၀ ကျော် တက်ရောက်နေကြောင်း သိရသည်။

ထို့ကြောင့် BWM အဖွဲ့သည် သင်တန်းချိန်အတွင်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုတွင် BWM အပြင် Mountain Knight Civilian Defense Force (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) တို့က KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) နှင့် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ