ABN-နွယ်စိုး
အောက်တိုဘာ၅ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ Ukhiyဒုက္ခသည်စခန်းတွင် ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ က ARSA နှင့် RSO အဖွဲ့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ ARSAထိပ်တန်းတပ်မှူးတစ်ဦးနှင့် မူဆလင်ဒုက္ခသည် တစ်ဦးသေဆုံးခဲ့ကြောင် ဘင်္ဂလားဒေ့ရှ့်သတင်းဌာနတစ်ချို့တွင်ဖော်ပြထားသည်။
ဖြစ်စဥ်မှာ ယမန့်နေ့ ညအရုဏ် ၂ နာရီခန့်က စခန်းအမှတ် ၈ အနောက်တွင်ARSAနှင့်RSOတို့ အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း APBn ၁၄ ၏ကွပ်ကဲရေးမှူး ဒုတိယစစ်ဆေးရေးမှူးချုပ်Mohammad lqbalမှ ပြောကြားခဲ့သည်။
သေဆုံးသူများမှာ အသက် ၃၂ နှစ်အရွယ် ယူဆွတ်ခေါ် ချာမိုင်ယာယူဆွတ်နှင့် ၁၅ နှစ်အရွယ် အာရာဖက်ဟိုဆိန်းတို့ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်
အသက် ၃၂ အရွယ်Yousuf alias Chakmaiya Yousသည် ARSA အဖွဲ့၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ကာ သေနတ်နှင့် ပစ်ခံခဲ့ရသလို ဓားနှင့်ပါ ထိုးခံထားရပြီး သေဆုံးသွားခြင်းဖြစ်သည်။
စခန်းအမှတ် ၉ တွင်နေထိုင်သူ ယူဆွတ်သည် လူသတ်မှု ၃ခုတွင် စွပ်စွဲခံထားရသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အာရာဖက်ဟိုဆိန်းသည်လည်း RSO ထောက်ခံသူ တစ်ဦးဖြစ်ကာ ယမန်နေ့ အစောပိုင်း ၅ နာရီခန့်က စခန်းအမှတ် ၁၅ တွင် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း APBn-8 ၏ လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဗိုလ်ကြီး အာမီယာဇာဖားက ပြောကြားသည်။
ထိုကဲ့သို့စခန်း ၉ အမှတ် တွင် အာဆာခေါင်းဆောင် အသတ်ခံရသည့်ကိစ္စကို လက်တုံ့ပြန်သည့်အနေဖြင့် ဆယ်ကျော်သက် အသက် ၁၅ နှစ်အရွယ် အာရာဖက်ကို သတ်ဖြတ်ခဲ့ကြခြင်းဟု ဒုက္ခသည်များက ပြောကြသည်။
သေဆုံးမှုများ ဖြစ်ပြီးနောက် ဒုက္ခသည်စခန်းများအတွင်း အခြေအနေများ တင်းမာလျက်ရှိကြောင်းလည်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိပြီး ကော့ဘဇားအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။