သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ချ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၍ သေဆုံးသူ ၁၀၀၀ ကျော်ထိရှိလာ

ဘင်္ဂလားဒေ့ချ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၍ သေဆုံးသူ ၁၀၀၀ ကျော်ထိရှိလာ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂ရက်

ဘင်္ဂလားဒေ့ချ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွား၍ သေဆုံးသူ ၁၀၀၀ ကျော်ထိရှိလာသည်ဟု ကျန်းမာရေးညွှန်ကြားရေးမှုဦးစီဌာန (DGHS)က ထုတ်ပြန်ထားသည်။

DGHS၏ထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁,၀၀၆ဦးရှိပြီး နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် သွေးလွန်တုပ်ကွေးလူနာ ၂,၈၈၂ဦးထိ ဆေးကုသမှုခံယူနေရသည်ဟုထုတ်ပြန်ချက်တွင်ပါဝင်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် သုတေသန အင်စတီကျုမှလည်း မုတ်သုံရာသီအချိန်​ကြာမြင့်မှုကြောင်း သွေးလွန်တုပ်ကွေးဖြစ်ပွားရကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလအထိ ခြင်နှိမ်နင်းရေးလုပ်ရှားမှုများကို လုပ်ဆောင်သင့်ပြီး သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီး အသိပညာများကို အသိပေးကြားဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို တားဆီးရန် မဟာဗျုဟာတစ်ရပ်အဖြစ် ရပ်ရွာလူထုပူးပေါင်းဆောင်ရွက်မှုအတွက် ပြင်းပြင်းထန်ထန် ထောက်ခံအားပေးပြီး ကျန်းမာရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ရေရှည်စီမံချက်များလိုအပ်ကြောင်း အကြုံပြုထားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ