သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ်တွင် နေအိမ်မီးလောင်၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆

ပလက်ဝမြို့နယ်၊ ဆားဝကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့၍ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမီးလောင်မှုအတွင်း ဒဏ်ရာရရှိခဲ့သူမှာ ဆားဝကျေးရွာမှ အဖ ဦးမောင်ကျော်၏ သမီး အသက် ၇၈ နှစ်အရွယ် ဒေါ်ဆင်ခွမ်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်၊ ည ၅ နာရီခန့်တွင် ဒေါ်ဆင်ခွမ်းသည် သူမ၏ နေအိမ်၌ မိတ်ဆွေ အမျိုးသားတစ်ဦးနှင့်အတူ အရက်သောက်စားခဲ့ကြပြီး ထိုအမျိုးသား ပြန်လည်ထွက်ခွာသွားပြီးနောက် တစ်ဦးတည်း ဆက်လက်၍ အရက်သောက်နေစဉ် ဝက်စာကြိုချက်ထားသည့် မီးဖိုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဒေါ်ဆင်ခွမ်း၏ နေအိမ်မှာ မီးလောင်ပြာကျခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တွင်လည်း မီးလောင်ဒဏ်ရာများဖြင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် ဒေါ်ဆင်ခွမ်းမှာ နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဒေသအတွင်း ပွင့်လင်းရာသီ ရောက်ရှိလာခြင်းကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားနိုင်၍ ပြည်သူများအနေဖြင့် မီးအသုံးပြုရာတွင် အထူးဂရုပြုကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပလက်ဝဒေသဆိုင်ရာ မီးသတ်ဌာနက အသိပီးထုတ်ပြန်ထားကြောင်း သိရသည်။

ထို့အပြင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောမှုများကို ဒေသဆိုင်ရာ မီးသတ်ဌာနမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ