
AB News – ဒီဇင်ဘာ ၂၃၊ ၂၀၂၄
လက်ရှိဖြစ်ပေါ်နေသော နယ်စပ်နှင့်ရက္ခိုင်ပြဿနာများကို ဖြေရှင်းရန် မြန်မာကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုထားပြီး နယ်စပ်ထိန်းချုပ်မှုအပေါ် အာရက္ခတပ်တော်ကဲ့သို့သော အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က ထိုင်းနိုင်ငံမှာ ကြာသပတေးနေ့က ကျင်းပတဲ့ အလွတ် သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသို့ သဝဏ်လွှာကို ပေးပို့ခဲ့သည်။
“နယ်စပ်က မင်းတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ မြန်မာနိုင်ငံကို ကျနော်တို့ အကြောင်းကြားတယ်။ အခု အာရက္ခတပ်တော်လို အစိုးရမဟုတ်တဲ့ အင်အားစုတွေက ချုပ်ကိုင်ထားတယ်။ နိုင်ငံတစ်ခုအနေနဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံလို့ မရဘူး။ မြန်မာနိုင်ငံဟာ ရက္ခိုင်နယ်စပ်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်”လို့ Hossain က သတင်း ထောက်များအား အလွတ်သဘော ဆွေးနွေးမှုတွင် ၎င်း၏ ဆွေးနွေးမှု အသေးစိတ်ကို မျှဝေခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် အခြားနိုင်ငံများမှ အကြီးတန်းကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Hossain က ဘင်္ဂလားဒေ့ရှ်၏ မူဝါဒအရ မူဆလင်ဒုက္ခသည်များ နောက်ထပ် နိုင်ငံထဲ ဝင်ခွင့်မပြုကြောင်း Hossain က ထပ်လောင်း အတည်ပြု ပြောဆိုလိုက်သည်။
သို့သော်လည်း အခြေအနေအချို့တွင် ဘင်္ဂလားဒေ့ရှ်သည် တရားဝင်မဟုတ်သော နည်းလမ်းအမျိုးမျိုးဖြင့် မူဆလင် ၆၀,၀၀၀ ကို လက်ခံခဲ့ကြောင်း သူကဆိုသည်။
မူဆလင်များ ဝင်ရောက်လာမှုသည် လွယ်ကူချောမွေ့စေသော်လည်း နယ်စပ်မှာ ပျံ့နှံ့နေသည့် အကျင့်ပျက်ခြစားမှုတွေကို မီးမောင်းထိုးပြခဲ့သည်။
“သူတို့က လမ်းကြောင်းတစ်ခုတည်းကနေ ဝင်တာမဟုတ်ဘူး၊ လမ်းကြောင်းမျိုးစုံကို ဖြတ်သန်းလာတာကြောင့် ရပ်တန့်ရခက်ပါတယ်” ဟု Hossain က ပြောကြားခဲ့သည်။
“အများအပြားက စိုးရိမ်နေကြပေမယ့် နောက်ထပ် ဝင်လာမယ် ဆိုတာကိုတော့ ကျွန်တော် မယုံပါဘူး။ ဒီစိုးရိမ်မှုတွေလည်း ပါပါတယ်၊ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်းပြီးတော့ တားဆီးဖို့ အစီအမံတွေ လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။
နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးမှုများတွင် ဘင်္ဂလားဒေ့ရှ်က ဗျူဟာမြောက် အကျိုးစီးပွားရှိသည့် အနောက်နယ်စပ်ကို အထူးအာရုံစိုက်ကာ အရှေ့မြောက်နှင့် တောင်ပိုင်းနယ်စပ်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလာနိုင်ငံခြားရေးအကြံပေး ရှင်းပြသည်။
Ref-The Daily Star