သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းနိုင်ငံသို့ ယနေ့ ပြန်လည်ဝင်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

ထိုင်းနိုင်ငံသို့ ယနေ့ ပြန်လည်ဝင်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

ABN-နွယ်စိုး

သြဂုတ်၂၂ ရက်

ပြည်ပတွင် ထိုင်းနိုင်ငံက ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့သည့် ရှပ်နီပါတီခေါင်းဆောင် ဘီလျံနာသူဌေး ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် Thaksin ယနေ့ မနက် ၉ နာရီမှ ဒွန်မြောင်းလေဆိပ်သို့ ကိုယ်ပိုင် ဂျက်လေယာဥ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယနေ့ ထိုင်းလွတ်တော်မှာ ဝန်ကြီးချုပ်သစ် မဲခွဲ ရွေးချယ်ရန်ရှိနေပြီး သက်ဆင်အနေနှင့် မရွေးချယ်မီ နာရီပိုင်းအလိုမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် စင်ကာပူနိုင်ငံမှ ဘန်ကောက်မြို့ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ရောက်ရှိလာပြီးနောက် ချက်ချင်း တက်ဆင်ကို နိုင်ငံတော် တရားရုံးချုပ်သို့ ခေါ်ယူသွားပြီး အကျင့်ပျက်ခြစားခြင်းနှင့်ပတ်သက်သော အမှု၃ မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံလိုက်ရကြောင်း CNA သတင်းဖော်ပြချက်အရ သိရသည်။

၄င်းအား စွပ်စွဲခံထားရသည့် အမှု၃ခုမှာ ထိုင်းနိုင်ငံ၏ ပို့ကုန် နှင့်သွင်းကုန် Eximဘဏ်မှတဆင့် မြန်မာနိုင်ငံသို့ ချေးငွေ ဘတ် ၄ ဘီလီယံ ခွင့်ပြုရာတွင် ၎င်း၏အာဏာကို အလွဲသုံးစားလုပ်ခဲ့သည့်အတွက် ၃ နှစ်ချမှတ်ခံခဲ့ရသည်။

ယင်းအပြင် ၂၀၀၃ နှင့် ၂၀၀၆ ခုနှစ်ကြား ဂဏန်းနှစ်လုံးနှင့် သုံးလုံးထီတို့ကို တရားမဝင် စတင်လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ၂ နှစ် ချမှတ်ခံခဲ့ရသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား တရားရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် ချက်ချင်းပင် ဘန်ကောက်မြို့ရှိ ရမန်အကျဉ်းထောင်သို့ ကားဖြင့် ပို့ဆောင်ခဲ့သည်။

အကျဥ်းထောင်၌ ၄င်းအား ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ၄င်းထံတွင် နှလုံးနှင့် အဆုတ်ရောဂါများအပါအဝင် ရောဂါ ၅ ခုအထိ တွေ့ရှိခဲ့သည်။

ထိုရောဂါများကြောင့် အကျဉ်းဦးစီးဌာနက သက်ဆင်ကို အကျဉ်းထောင်ရှိ သီးသန့်လူနာဆောင်၌ ဆရာဝန်များနှင့်အတူ သီးခြားထားရှိသွားမည်ဖြစ်ကြောင်း အကျဥ်းဦးစီးဌာနက ထုတ်ပြန် ရေးသားခဲ့သည်။

သက်ဆင်အနေနှင့် ထောင်ထဲတွင် မည်မျှနေရမည်ကို တိတိကျကျမသိရှိရသေးကြောင်း CNAသတင်းတွင် ရေးသားထားသည်။

သက်ဆင်သည် အသက် ၇၀ ကျော်နေပြီဖြစ်သည့်အတွက် ကျန်းမာရေးအရ တော်ဝင်လွတ်ငြိမ်းခွင့်ကို ရယူရန် ကြိုးစားနိုင်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည်၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ဝန်ကြီးချုပ်တာဝန်ကို အလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ခြစားမှုများပတ်သက်၍ တရားစွဲဆိုချက်များကို ရင်ဆိုင်ခဲ့ရကာ ၂ နှစ်ကြာတွင် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့၍ တိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကိုလည်း ယနေ့ လွှတ်တော်အစည်းအဝေး ညနေ ၃ နာရီခန့်မှာ မဲပေးရွေးချယ်သွားမည်ဖြစ်ပြီး ဖုထိုင်းပါတီ၏ ညွန့်ပေါင်းအဖွဲ့က စီးပွားရေးလုပ်ငန်းရှင် Srettha Thavisinကို အမည်တင်သွင်းထားခဲ့သည်။

အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း တက်ဆင်သည် Pheu Thai ပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး ယခုအချိန်ထိလည်း ပါတီအနေနဲ့ ၄င်း၏ သြဝါဒ ညွှန်ကြားချက်များကို လိုက်နာနေဆဲဖြစ်ကြောင်း ပါတီဝင်များက ပြောဆိုထားသည်။

Ref-CNA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ