
AB News – ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
ဂျူလိုင်
ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှေးရိုးစွဲ Bhumjaithai Party အနိုင်ရခဲ့သဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အကျပ်အတည်းဖြစ်လာနိုင်ဖွယ်ရှိ၍ မြန်မာအလုပ်သမားများ စိုးရိမ်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သော အဆိုပါရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနုတင် ချန်ဝီရကူလ် ဦးဆောင်သည့် (ဖုံကျိုင်ထိုင်းပါတီ – Bhumjaithai Party) က လွှတ်တော်အမတ်နေရာ ၂၀၀ ကျော်ဖြင့် ဦးဆောင်အနိုင်ရနေကြောင်း သိရသည်။
ပြည်သူ့ပါတီမှာ အမတ်နေရာ ၁၀၀ ကျော်ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပါတီ ဖွေထိုင်းပါတီမှာ တတိယနေရာတွင် ရှိနေကြောင်း သိရသည်။
ဖုံကျိုင်းပါတီသည် မြန်မာနိုင်ငံနှင့်ပတ်သတ်၍ တရားမဝင် အလုပ်သမားများဝင်ရောက်မှုနှင့် မှောင်ခိုပစ္စည်း စီးဆင်းမှုများကို တားဆီးနိုင်ရန်အတွက် နယ်စပ်တစ်လျှောက် တံတိုင်းများ တည်ဆောက်သွားမည့် မူဝါဒကို ကိုင်စွဲထားသည့် ပါတီဖြစ်သည်။
ထိုင်းနိုင်ငံတွင် အစိုးရဖွဲ့ရန်အတွက် အနည်းဆုံး အောက်လွှတ်တော်မှာ အမတ်နေရာ ၂၅၁ နေရာ ရရှိရန်လိုအပ်ကြောင်း သိရသည်။
လက်ရှိတွင် အမတ်နေရာအများဆုံးဖြင့် ဦးဆောင်နေသော ဖုံကျိုင်းပါတီသည် အစိုးရဖွဲ့ရန်အတွက် အခြားပါတီများနှင့်ပူးပေါင်းရမည်ဖြစ်ပြီး ညွှန့်ပေါင်းအစိုးရဖွဲ့စည်းရန် ပြင်ဆင်နေကြောင်း သိရသည်။