သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထိုင်းငံနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းရှင် Srettha Thavisin ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်

ထိုင်းငံနိုင်ငံတွင် အိမ်ခြံမြေလုပ်ငန်းရှင် Srettha Thavisin ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်

ABN-နွယ်စိုး

သြဂုတ်၂၂ ရက်

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်အဖြစ်ယနေ့ ညနေ ၃နာရီကျော်လောက်တွင် ထိုင်းလွှတ်တော်၌ မဲခွဲရာမှာ အိမ်ခြံမြေလုပ်ငန်းရှင်သူဋ္ဌေး Srettha Thavisin အနိုင်ရရှိသွားခဲ့သည်။

ပြီးခဲ့သည့် မေလက ရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံး ရခဲ့သည့်Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခံခဲ့ရသည့် Srettha အား လွှတ်တော်ကိုယ်စားလှယ်များ၏ထက်ဝက်ကျော် ထောက်ခံမှုနှင့်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံလိုက်ရခြင်းဖြစ်သည်

ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်က ရွေးချယ်လိုက်ပြီးနောက် ညွန့်ပေါင်းအစိုးရကို ဦးဆောင်ဖွဲ့စည်းရန် စီစဉ်ရမည်ဖြစ်ပြီး စစ်တပ်လိုလားသည့်နိုင်ငံရေး အင်အားစုများလည်း ပူးပေါင်းပါဝင်လာလိမ့်မည်ဟုလည်း ခန့်မှန်းနေကြသည်။

အလားတူ ဝန်ကြီးချုပ်သစ် တစ်ဦးကို လွှတ်တော်မှာ နောက်တကြိမ် မဲခွဲဆုံးဖြတ်သည့် နေ့မှာပဲ ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့​သည့် ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra လည်း ထိုင်းနိုင်ငံသို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာပြီးနောက် ချက်ချင်း တက်ဆင်ကို နိုင်ငံတော် တရားရုံးချုပ်သို့ ခေါ်ယူသွားပြီး အကျင့်ပျက်ခြစားခြင်းနှင့်ပတ်သက်သော အမှု၃ မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံလိုက်ရကြောင်း CNA သတင်းဖော်ပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ