သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆွစ်ဇာလန် နှင်းလျှောစီး အပန်းဖြေစခန်းရှိ ဘားမီးလောင်မှုကြောင့် နိုင်ငံတကာမှ ဧည့်သည် ၄၀ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

AB News – ဇန်နဝါရီ ၂၊ ၂၀၂၆

ဆွစ်ဇာလန်နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိသည့် အဆင့်မြင့် နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုအတွင်းရှိ ဘားတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၄၀ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆွစ်ဇာလန်ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇန်နဝါရီ ၁ ရက် နံနက် ၁ နာရီခွဲခန့်တွင် မီးလောင်မှုသည် ကရန်းစ်မွန်နာနားရှိ Le Constellation အမည်ရှိ ဘား တစ်ခုမှစတင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးကူးစက်မှု မြန်ဆန်ခဲ့သဖြင့် အပန်းဖြေစခန်းအတွင်းရှိ လူအများ အမြန်ဆုံး ထွက်ပြေးရခြင်းများ ဖြစ်ခဲ့သည်ဟု သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နိုင်ငံများစွာက နိုင်ငံသားများစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် အလည်အပတ်လာရောက်သူ ၁၀၀ ကျော်မှာ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်နေသဖြင့် သေဆုံးသူအရေအတွက် ပိုမိုတိုးလာနိုင်ကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအတွက် မီးသတ်တပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးရဟတ်ယာဉ် ၁၀ စီး၊ လူနာတင်ယာဉ် ၄၀ စီးကို အသုံးပြုခဲ့ရကြောင်း ဆွစ်ဇာလန် အာဏာပိုင်များက ပြောကြားထားသည်။

ထို့အပြင် မီးလောင်မှု ဖြစ်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် ခရမ်းစ်ဒေဒေသရှိ အဓိကလမ်းမကြီးကို ယာယီပိတ်ထားကာ ခရမ်းစ်–မွန်တာနာ ဒေသအပေါ် လေယာဉ်မပျံသန်းရ ဇုန်တစ်ခုကိုလည်း သတ်မှတ်ထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ