သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်ပူးတွဲပိုင်ဆိုင်သော Mytel နှင့် ဆက်စပ်သည့် စာမျက်နှာ၊ Group နှင့် အကောင့်ပေါင်း ၁၀၀၀ ကျော်ကို Facebook မှ ဖယ်ရှားခံရ

AB News – ဇန်နဝါရီ ၉၊ ၂၀၂၆
ဂျူလိုင်

စစ်ကော်မရှင်ပူးတွဲပိုင်ဆိုင်သော Mytel နှင့် ဆက်စပ်သည့် စာမျက်နှာ၊ Group နှင့် အကောင့်ပေါင်း ၁၀၀၀ ကျော်ကို Facebook မှ ဖယ်ရှားလိုက်ကြောင်းသိရသည်။

ထိုသို့ဖယ်ရှားလိုက်ခြင်းသည် Facebook လူမှုကွန်ရက်၏ မိခင်ကုမ္မဏီ Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်ခဲ့သည့် မြန်မာစစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်သည့် Facebook ၏ မူဝါဒနှင့်ကိုက်ညီကြောင်းသိရသည်။

Mytel အမည်ဖြင့် လုပ်ကိုင်နေသော Telecom International Myanmar ကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင် (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနှင့် မြန်မာခရိုနီများ၏ ဦးပိုင်ကုမ္မဏီတစ်ခုတို့က ပိုင်ဆိုင်ကြောင်းသိရသည်။

Mytel ၏ အမြတ်ငွေ ခန့်မှန်းချက်များအရ လုပ်ငန်းလည်ပတ်မှု (၅) နှစ်မှ (၉) အတွင်း မြန်မာစစ်တပ်သည် ၎င်းတို့၏ ရှယ်ယာပိုင်ဆိုင်မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ဖွယ်ရှိပြီး၊ ထို့နောက်ပိုင်း (၅) နှစ်တာကာလအတွင်း နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ခန့်ကို ရရှိနိုင်ကြောင်းကို Justice For Myanmar က ခန့်မှန်းထားသည်။

အဆိုပါကုမ္မဏီသည် စစ်ကော်မရှင်ကို ဘဏ္ဍာငွေထောက်ပံ့ခြင်း၊ ဒီဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုများနှင့် သတင်းအချက်အလက် စိစစ်ဖြတ်ထောက်မှုများကိုလည်း ကူညီလုပ်ကိုင်ပေးလျှက်ရှိကြောင်း ဆိုသည်။

အလားတူ Mytel အပ်ပလီကေးရှင်းများကို Googel Play Store နှင့် Apple App Store တို့တွင်လက်ခံပေးထားသည့် Alphabetနှင့် Apple တို့အပါဝင် အခြားနည်းပညာ ကုမ္မဏီများကိုလည်း Mytel အပေါ် ပိတ်ပင်အရေးယူမှုများ ဆောင်ရွက်ကြန်ရန်ကိုလည်း Justice For Myanmar က တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်