သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်တပ်မှ  တပ်သား ၁  ဦး KNLA ထံ လက်နက်ချ အလင်းဝင်



‎AB News – ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆

‎အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူ တပ်သား ၁ ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထံသို့ လက်နက်ချအလင်းဝင်လာကြောင်း KNU မှ ယမန်နေ့တွင် ထုတ်ပြန်သည်။

‎ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ခလရ ၃၉ တပ်ရင်းမှ  ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းရှိ KNLA တပ်ရင်း ၉ ထံသို့လက်နက်ချ အလင်းဝင်လာကြောင်း သိရသည်။

‎အကြမ်းဖက် အာဏာသိမ်း စစ်တပ်မှလက်နက်ချ အလင်းဝင်လာသူမှာ စောအာဘရောင်း အသက် ၃၂ နှစ် ဖြစ်သည်။

‎၎င်းသည် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူဖြစ်ပြီး လက်ရှိတွင် ၎င်းအား ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ကောင်းမွန်စွာ ထိမ်းသိန်းစောင့်ရှောက်ထားကြောင်းသိရသည်။

‎ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့တွင်လည်း KNLA တပ်မဟာ ၃ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ထံသို့ အ​​ကြမ်းဖက်စစ်ကော်မရှင်တပ် ခလရ ၅၃ တပ်ရင်းမှ တပ်သား ၇ ဦး လက်နက်ချ အလင်းဝင်ခဲ့သည်။

‎အာဏာသိမ်း အကြမ်းဖက်စစ်တပ်မှ  အတင်း အဓမ္မစစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်လာကြရန် ကရင်အမျိုးသားအစည်းအရုံးမှ တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ