သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စကမ ရွေးကောက်ပွဲ အတုယောင်ဟု တွမ်အင်ဒရူးစ် ပြော

AB News – အောက်တိုဘာ ၃၁၊ ၂၀၂၅
မျိုးဟိန်း

ဒီဇင်ဘာလအတွင်း စစ်ကော်မရှင် (စကမ)တပ် ပြုလုပ်လာမည့် ရွေးကောက်ပွဲမှာ အတုအယောင်သာဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အင်ဒရူးစ် က ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံနှင့်ပတ်သတ်ပြီး ၎င်း၏အစီရင်ခံစာကိုတင်သွင်းပြီးနောက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော် အရှင်းလင်းဆုံးပြောခဲ့သလို ဒီရွေးကောက်ပွဲက အတုအယောင်ပါ။ ဒါ လိမ်ညာမှုပါ။ အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်ညှဥ်းပန်းပြီးတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပလို့ မရနိုင်ပါဘူး။ နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ခုမှာ အပြတ်အသတ်အနိုင်ရထားတဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းထားချိန် သတင်းထောက်တွေ မြန်မာ့အခြေအနေအမှန်တရားကို သတင်းတင်ပြရင် ပြစ်မှုဖြစ်နေချိန် စစ်အာဏာရှင်နဲ့ ဒီရွေးကောက်ပွဲကို ဝေဖန်ရင် ပြစ်မှုဖြစ်နေချိန်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပလို့ မရပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်ဘေးကြောင့် ပြည်သူ ၂၂ သန်းကျော်မှာ လူသားချင်းစာနာထောက်ထားရေးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

စကမ ၏ ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်လာမည့် ပထမအဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံအဝန်း နိုင်ငံရေးပါတီ ၅၇ ခု မှတ်ပုံတင်ထားကြောင်း သိရသည်။

လက်ရှိတွင် စကမ သည် ရွေးကောက်ပွဲနှောင့်ယှက်သည်ဟု စွပ်စွဲကာ ပြည်သူ ၁၀ ဦးထက်မနည်း မတရားဖမ်းဆီး ထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ