သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စကမ ထိန်းချုပ်နယ်မြေများတွင် ရက္ခိုင်မှတ်ပုံတင် ကိုင်ဆောင်သူများ ခရီးသွားပါက ရဲထောက်ခံစာ လိုအပ်လာ



‎AB News – ဖေဖော်ဝါရီ ၃ ၊ ၂၀၂၆

‎စစ်ကော်မရှင်ထိန်းချုပ်ထားသည့် နယ်​​မြေများတွင် ရက္ခိုင်မှတ်ပုံတင် ကိုင်ဆောင်ထားသူများ ခရီးသွားလိုပါက ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာပါမှ ကားလက်မှတ်များ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

‎အလားတူ ရှမ်းမှတ်ပုံတင် ကိုင်ဆောင်ထားသူများအနေနဲ့လည်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကုန်းကြမ်းမြို့နယ်များမှ ဆိုပါက ထောက်ခံစာ လိုအပ်ကြောင်း သိရှိရသည်။

‎မန္တလေး မှတ်ပုံတင် ကိုင်ဆောင်သူများ အနေဖြင့် မိုးကုတ်မြို့နယ်နှင့် မကွေးမှတ်ပုံတင် ကိုင်တောင်ထားသူများအနေဖြင့် မကွေးမြို့နယ် ဖြစ်လျှင်လည်း ထောက်ခံစာ လိုအပ်ကြောင်း သိရှိရသည်။

‎ခရီးသွားလျှင် ထောက်ခံစာ မဖြစ်မနေ လိုအပ်သည့် မြို့နယ်စာရင်းများကို လာပို့ထားကြောင်း ရက္ခိုင်ဆိုလျှင် မည်သည့်မြို့မှမဆို ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာပါမှ လက်မှတ်ဖြတ်၍ ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကားဂိတ်တစ်ခု၏ တာဝန်ရှိသူထံမှ သိရှိရသည်။

‎အလားတူ စစ်ကိုင်း မှတ်ပုံတင်ကိုင်ဆောင်သူအနေနှင့် မုံရွာ၊ ရွှေဘို၊ မြောင်မြို့နယ်မှ ဖြစ်ပါက ခရီးသွားထောက်ခံစာ ပါရမည်ဟု သိရှိရပါသည်။

‎အဆိုပါ ကြေညာချက်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးရှိ မှတ်ပုံတင်ကိုင်ဆောင်ထားသူများ အားလုံးအတွက် အကြုံးဝင်မည် မဟုတ်ဘဲ ၁၁/အားလုံး၊ ၁၃/ကမန(နိုင်)၊ ၁၃/လရန(နိုင်)၊ ၁၃/နမတ(နိုင်)၊ ၁၃/သပန(နိုင်)၊ ၁၃/ကကန(နိုင်)၊ ၉/မကန(နိုင်)၊ ၅/မရန(နိုင်)၊ ၅/မမန(နိုင်)၊ ၅/ရဘန(နိုင်)၊ ၈/မကန(နိုင်)တို့အတွက်သာ အကျုံးဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ