ABN-ရှိုင်းမိုး
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရခိုင်ပြည် ရသေ့တောင်မြို့နယ် ကြိမ်သာရွာမှ အသက် ၄၂နှစ်အရွယ် ဦးအောင်ဝင်းအေးသည် ကျောက်ကပ်ရောဂါဖြင့် ယနေ့ ၂နာရီကျော်အချိန်တွင်သေဆုံးသွားခဲ့သည်ဟုသိရသည်။
သူသည် ထိုင်းနိုင်ငံ မဟာချိုင်မြို့ ခေါင်စီဝါနယ်မြေတွင် နေထိုင်ကာ အလုပ်လုပ်နေစဥ် ကျောက်ကပ်ရောဂါခံစားရသဖြင့် စမူဆာခွန်ဆေးရုံကြီးတွင် ၂လကျော်ကြာ ဆေးကုသနေခဲ့သည်ဟုသိရသည်။
