
AB News – ဇန်နဝါရီ ၂၀၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရှိ မူဆလင်ဒုက္ခသည်စခန်း အမှတ် ၁၆ တွင် မီးလောင်မှုဖြစ်ပြီး ယာယီနေအိမ် ၄၅၀ နီးပါး မီးလောင် ပျက်စီးသွားခဲ့သည်။
ယနေ့ ဇန်နဝါရီ ၂၀ ရက်၊ နံနက်အစောပိုင်း ၃ နာရီ အချိန်ခန့်တွင် ၎င်းဒုက္ခသည်စခန်းအတွင်းရှိ Block D2၊ D3 နှင့် D4 တို့တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လက်ရှိတွင် ဒဏ်ရာရသူ အများအပြားရှိနေပြီး၊ သေဆုံးသူများအား အတည်မပြုနိုင်သေးပေ။
မီးလောင်မှုအတွင်း နေအိမ် ၄၅၀ ကျော် မီးလောင်ပျက်စီးသွားခဲ့၍ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် မိသားစု ရာနှင့်ချီ အိုးမဲ့အိမ်မဲ့ အဖြစ်သွားကြောင်း သိရသည်။
မီးလောင်မှုအား မီးသတ်တပ်ဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံစေတနာ့ဝန်ထမ်းအဖွဲ့များမှ မီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီးနောက် အရေးပေါ် ကူညီကယ်ဆယ်ရေးများ လုပ်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ ဘာနာနီကျူးကျော် ရပ်ကွက်တွင် မီးလောင်မှုဖြစ်ခဲ့ပြီး ရပ်ကွက်တစ်ခုလုံး မီးလောင်းကျွမ်းခဲ့သည်။