သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကော့ဇ်ဘဇား ဒုက္ခသည်စခန်းအတွင်း ARSA နှင့် RSO အဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားစဉ် ကလေးငယ်များအပါအဝင် ၅ ဦး ကျည်ထိမှန်


‎​
‎AB News- ဖေဖော်ဝါရီ ၇၊ ၂၀၂၆

‎​ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက္ကနာ့ဖ်မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မူဆလင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ARSA နှင့် RSO တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

‎​
‎ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ ညပိုင်းအချိန်တွင် အာလီခါလီ (Alikhali) Camp-25 အတွင်း နယ်မြေစိုးမိုးရေးအတွက် ARSA နှင့် RSO တို့အကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‎​
‎အဆိုပါ ပစ်ခတ်မှုအတွင်း စခန်းအနီးနေထိုင်သူများနှင့် ဒုက္ခသည်များ ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူများမှာ ၃၆ နှစ်အရွယ် ​အဒူရာမန်း၊ ၁၃ နှစ်အရွယ် ​မူဟာမတ်ဂျီဆန်၊
‎၃၈ နှစ်အရွယ်​ ဘာရှားမျာ (ဒေသခံ)၊ ၁၈ နှစ်အရွယ် ​နာဆာရက်ဂျာဟန် (ဒေသခံ)၊ ၁၁ နှစ်အရွယ် ​ရှာအ်ဘူဒိန် (ဒေသခံ) တို့ ဖြစ်ကြသည်။

‎​ဒဏ်ရာရရှိသူများကို ကော့ဇ်ဘဇားရှိ ဆေးရုံသို့ ပို့ဆောင်ထားရပြီး လက်ရှိတွင် အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရသော်လည်း အချို့မှာ ခွဲစိတ်မှုများ ပြုလုပ်ရမည်ဟု မိသားစုဝင်များက ပြောသည်။

‎ယခုပစ်ခတ်မှုတွင် ထူးခြားချက်မှာ ဒုက္ခသည်စခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်ဒေသခံ ၃ ဦးပါ ကျည်ထိမှန်ခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်းရှိ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်မှုများသည် စခန်းခြံစည်းရိုးကို ကျော်လွန်၍ အနီးနားရှိ ကျေးရွာများအထိ ခြိမ်းခြောက်လာနေသည့်အတွက် ဒေသခံရက္ခိုင်ပြည်သူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက လုံခြုံရေးအတွက် အထူးစိုးရိမ်နေကြသည်။

‎ကော့ဇ်ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ယခင်ကလည်း အဆိုပါလက်နက်ကိုင်အဖွဲ့များအကြား မူးယစ်ဆေးဝါးလုပ်ငန်းနှင့် လူကုန်ကူးမှုလမ်းကြောင်း ထိန်းချုပ်နိုင်ရေးအတွက် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

‎ယခုနောက်ပိုင်းတွင် စခန်းများအတွင်း လုံခြုံရေးကျိုးပေါက်မှုများ ပိုမိုများပြားလာပြီး ပြန်ပေးဆွဲမှုနှင့် လူသတ်မှုများပါ ခပ်စိပ်စိပ် ဖြစ်ပွားလာနေကြောင်း စခန်းတွင်းနေ ဒုက္ခသည်များ၏ ပြောကြားချက်အရ သိရသည်။

‎​လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် အာမ္မတပ်ဖွဲ့ (APBn) မှ စခန်းအတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး ပစ်ခတ်မှုတွင် ပါဝင်သူများကို လိုက်လံရှာဖွေနေကြောင်း သတင်းရရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ