သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
CYLAနှင့် မီဇိုရမ်ရဲများ ပူးပေါင်းပြီး ရက္ခိုင်ကုန်သည်များ၏ လောင်စာဆီပီပါ ၁၀၀ ကျော်တို့အား ချောင်းထဲသွန်ချ၊ မီးချို့ဖျက်ဆီး၊ အချို့ကို ကားဖြင့်တင်ယူသွား

(CYLA သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကိုချိုးဖောက်နေခြင်းဖြစ်)

AB News-ဇူလိုင် ၇၊ ၂၀၂၄

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) နှင့် မီဇိုရမ်ရဲ ပူးပေါင်းအင်အား ၁၅ ဦးတို့သည် ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် ရက္ခိုင်ကုန်သည်များ၏ လောင်စာဆီပီပါ ၁၀၀ ကျော်တို့အား ချောင်းထဲသွန်ချဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည့်အပြင် လောင်စာဆီပီပါအချို့အား ၎င်းတို့၏ ကားဖြင့် တင်ယူသွားကြောင်းAB Newsက သတင်းရရှိသည်။

၎င်းလောင်စာဆီပီပါများမှာ ချင်းပြည်နယ် ပလက်ဝနှင့် ရက္ခိုင်ပြည်တွင်းရှိ တောင်သူလယ်သမားများ လယ်ထွန်စက်များဖြင့် လယ်ထွန်ယက်နိုင်ရန် တင်သွင်းသည်များဖြစ်ကြောင်း အမည်မဖော်လိုသည့် ရက္ခိုင်ကုန်သည် တစ်ဦးက AB News သို့ပြောသည်။

“လောင်စာဆီပီပါတွေကို CYLA အဖွဲ့နှင့် မီဇိုရမ်ရဲအဖွဲ့တွေပေါင်းပြီး ဖျက်ဆီးကြတယ်။ အင်အား ၁၅ ယောက်လောက်တွေ့လိုက်ပါတယ်။ ဒီလောင်စာဆီတွေဟာဆိုရင် ပလက်ဝနှင့် ရက္ခိုင်က လယ်သမားတွေ လယ်ထွန်နိုင်ဖို့အတွက်ပါ” ဟုပြောသည်။

ရက္ခိုင်ရှိ လယ်သမားများမှာ လောင်စာဆီပြတ်တောက်မှုများကြောင့် လယ်ထွက်ယက်စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေကြရပြီး တောင်သူ အချို့မှာ ပေါက်တူးဖြင့် ပေါက်ကာ ထွက်ယက်နေကြသည်ကို တွေ့ရသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေသည့်လမ်းကြောင်းကို CYLA အဖွဲ့က မီဇိုရမ်မြို့ဘက်ခြမ်းကနေ ဇွန်လ ၂၄ ရက်နေ့တွင် စတင် ပိတ်လိုက်ခြင်းဖြစ်သည်။

CYLAသည် ထိုသို့ အခြေခံလူသုံးကုန်ပစ္စည်းတင်သွင်းသည့် လမ်းကြောင်းကို ပိတ်လိုက်ခြင်းနှင့် ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ရာရောက်သည်။

ရက္ခိုင်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအားလုံးကို အလုံးစုံပိတ်ဆို့လိုက်သောကြောင့် ပလက်ဝအပါအဝင် ရက္ခိုင်တပြည်လုံးမှ ပြည်သူ ၃ သန်းကျော်တို့မှာ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းပြတ်လပ်မှု ဒုက္ခများကို ခံစားနေကြရခြင်းဖြစ်ပြီး ထိုဒုက္ခများကို လျှော့ချစေရန် ရက္ခိုင်စီးပွားရေး လုပ်ငန်းရှင်များက အိန္ဒိယနိုင်ငံ မီဇိုရမ်ဒေသမှ ကုန်ပစ္စည်းများကို တင်သွင်းနေကြရခြင်းဖြစ်သည်။

CYLA က လမ်းပိတ်ထားသောကြောင့် ပလက်ဝဒေသနှင့် ရက္ခိုင်ပြည်တွင် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်တောက်လာနေသည်ကို တွေ့ရပြီး ရှေ့ဆက်ပိတ်ထားလျှင် ပြည်သူလူထုက ULA/AA အစိုးရအား ထိုက်သင့်သည့် အရေးယူမှုများပြုလုပ်ရန် ဖိအားပေးလာနိုင်ခြေရှိပြီး ထို့သို့ဖြစ်လာလျှင် ULA/AA ထိမ်းချုပ်နယ်မြေတွင်ရှိသည့် အိန္ဒိယအစိုးရ၏ ကုလားတန်စီမံကိန်းကိုလည်း အနည်းအများ ထိခိုက်လာနိုင်ကြောင်း AB News ကသုံးသပ်သည်။

YCLA အဖွဲ့ဝင်များမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကာ၊ အိန္ဒိယတွင် မှတ်ပုံတင်ထားသည့်အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံဖက်ခြမ်းမှ လူမျိုးများ၏ပြဿနာထဲတွင် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကာ ပို၍ ရှုပ်ထွေးမှုကို ဖြစ်စေနိုင်သောကြောင့် လက်မခံနိုင်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ဧရာဝတီသတင်းဌာနသို့ပြောသည်။

“သူတို့က အိန္ဒိယနိုင်ငံသားတွေဖြစ်တယ်၊ အိန္ဒိယနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့ဖြစ်တယ်။ ဆိုတော့ ဒီလို လူငယ်အဖွဲ့က ကျနော်တို့ မြန်မာနိုင်ငံဖက်ခြမ်းက လူမျိုးတွေရဲ့ ကြားထဲက ရှုပ်ထွေးမှုတွေမှာ သူတို့ပါဝင်လာတဲ့ဟာကတော့ ဒါဟာ အခြေအနေကို ပိုပြီးတော့မှ ရှုပ်ထွေးသွားစေနိုင်တယ်။ ဒီလိုမျိုး အိန္ဒိယဖက်က အဖွဲ့အစည်းတစ်ခုက မြန်မာနိုင်ငံဖက်က ပြဿနာတွေမှာ ဝင်ပါလာတဲ့ ကိစ္စကတော့ လက်ခံနိုင်စရာမရှိတဲ့ ကိစ္စဖြစ်တယ်” ဟုဖြေဆိုထားသည်ကို တွေ့ရသည်။

YCLA ကမူ မီဇိုရမ်ပြည်နယ်မှ တင်သွင်းနေသည့် ပစ္စည်းများမှာ အာရက္ခတပ်တော် (AA) အနေဖြင့် စစ်ရေးတွင် အသုံးပြုနေသည်ဟု စွပ်စွဲ ပြောဆိုထားသည်။

မီဇိုရမ်ဖက်ခြမ်းတွင် ရက္ခိုင်သို့ တင်သွင်းမည် ကုန်တင်ကားများစွာ ပိတ်လှောင်ခံထားရပြီး အချို့သော ကုန်ပစ္စည်းများမှာ ပျက်စီးသွားသည့်အတွက် နစ်နာမှုများရှိနေကြောင်းလည်း ကုန်သည်များက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။