သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နတ်မြစ်အတွင်း ကိုယ်ဝန်သည် တစ်ဦးနှင့် ကလေးငယ် ၄ ဦးအပါအဝင် ၇ ဦး၏ ရုပ်အလောင်းကို တွေ့ရှိ

AB News-သြဂုတ် ၂၁၊ ၂၀၂၄

ဓာတ်ပုံ-Cox’s Bazar representative

ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်ကြားတွင်ရှိသည့် နတ်မြစ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် ၇ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြနေကြသည်ကိုတွေ့ရသည်။

သေဆုံးသူများထဲတွင် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ပါဝင်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများက ဆိုသည်။

ထိုရုပ်အလောင်းများကို သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဘင်္ဂလာနိုင်ငံသားများက ဆယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားကြသည်။

၎င်းတို့မှာ မြန်မာနိုင်ငံဖက်ခြမ်းမှ စက်လှေဖြင့် ဘင်္ဂလာသို့ ကူးလာစဥ် စက်လှေမှောက်၍ သေဆုံးခြင်း ဖြစ်နိုင်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ရေးသားထားကြသည်။

ရုပ်အလောင်းများအား AL Manahil Welfare Foundation Bangladesh အဖွဲ့အစည်းမှ မြှုပ်နှံလိုက်ကြောင်း သိရသည်။

မောင်တောမြို့တွင်းရှိ စစ်ကောင်စီတပ်နှင့် မူဆလင်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များအား အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မြို့တွင်းတွင် လူသားဒိုင်းကာအဖြစ် ပိတ်မိနေသည့် မြို့ခံ ၂ သောင်းနီးပါးအား အာရက္ခတပ်တော်က ကယ်ထုတ်ပြီး စောင့်ရှောက်ထားလျက်ရှိသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ