သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ရက္ခိုင်စစ်ဘေးရှောင် ၂ဝ အဖမ်းခံရ

AB News-ဒီဇင်ဘာ ၁၀၊၂၀၂၄

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ရက်နေ့က ရက္ခိုင်ပြည်မှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင် အယောက်၂၀ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊ ငရုတ်ကောင်းမြို့နယ်တွင် ဖမ်းဆီးခဲ့ကြောင်း DVB မြန်မာပိုင်းသတင်းဌာနတွင်ဖော်ပြထားသည်။

ဖမ်းခံရသော စစ်ဘေးရှောင်များသည် ရက္ခိုင်ပြည် ဂွမြို့နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်လာကြသူများဖြစ်ပြီး ရက္ခိုင်ပြည်နှင့် ထိစပ်နေသော ငရုတ်ကောင်းမြို့အနီးအရောက်တွင် စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခံရလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ် ၇ ဦး၊ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၇ ဦးတို့ပါဝင်ပြီး၊ ထိုအထဲမှ အမျိုးသား၇ ဦးတို့အား စစ်ကောင်စီမှ မေးမြန်စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ကားဖြင့် ခေါ်ဆောင်သွားကြောင်းလည်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့ကလည်း ဧရာဝတီတိုင်းနှင့်ရက္ခိုင်ပြည် နယ်စပ်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် ရက္ခိုင်စစ်ဘေးရှောင်အမျိုးသား ၁ ဦးကို အကြမ်းဖက်ဥပဒေဖြင့် ရေကြည်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ