သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အရှေ့အလယ်ပိုင်းပဋိပက္ခကို ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာရန် အကြမ်းဖက်စစ်ကော်မရှင်ပြော

AB News – မတ် ၇၊ ၂၀၂၆

အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် တိုက်ခိုက်မှုများကို ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာရန် အကြမ်းဖက်စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျှက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိုးရိမ်ပူပန်လျှက်ရှိကြောင်း ဆိုထားသည်။

ထို့ပြင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို အခြေခံပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေးကြိုးပမ်းမှုသည်သာ ပဋိပက္ခကိုဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း စစ်ကော်မရှင်ပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အလားတူ ယင်းပဋိပက္ခတွင် ပါဝင်သည့် နိုင်ငံများအနေဖြင့်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံခိုင်မြဲမှုကို အပြန်အလှန်လေးစားလိုက်နာရန် လိုအပ်ကြောင်းလည်း ပြောထားသည်။

ပုံစာ – ဆီးရီးနိုင်ငံ၊ Qamishli လေဆိပ်အနီး ကွင်းပြင်တစ်ခုတွင် ကျရောက်နေသည့် ဒုံးကျည်တစ်လုံးအား ဒေသခံများ ကြည့်ရှုနေစဉ်။(ဓာတ်ပုံ – Fox News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ