သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းမြို့နယ် စကခ ၅ လက်အောက်ခံ တောဟိန်းတောင်ဗျူဟာကို အာရက္ခတပ်တော်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အများအပြားသေဆုံး

က္ခိုင်ပြည်၊ အမ်းမြို့နယ် ကဇုကိုင်း​ဒေသအခြေစိုက် စကခ ၅ လက်အောက်ခံ တောဟိန်းတောင်ဗျူဟာကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးသွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

၎င်းဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးပစ်ကူ​​ပေးခြင်း၊ လေကြောင်းတိုက်ခိုက်မှု ၁ လနီးပါးကြာ ခုခံနေသည့်ကြားမှ အရက္ခတပ်တော်က ယနေ့နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ဒီဗျူဟာကုန်းကို AA ကတိုက်နေတာ ၁ လနီးပါးရှိပါပြီ။ တိုက်ပွဲကအရမ်းပြင်းထန်ခဲ့တယ်။ ဒီနေ့မှာပဲ အပြီးသတ်သိမ်းလိုက်တာပါ။ စစ်ကောင်စီတပ်သား ၃၀ ကျော်လောက်သေသွားတယ် “ဟုဆိုသည်။

တောဟိန်းတောင်ဗျူဟာသည် စစ်ကောင်စီ၏ အရေးပါဆုံးဗျူဟာမြောက်စခန်းတစ်ခုသာမက စစ်လက်နက်အင်အား၊ တပ်သားအင်အားများပြားသည့် စခန်းကုန်းဖြစ်ကြောင်းသိရသည်။

၎င်းဗျူဟာကုန်းမှ လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်ခဲ့မှုကြောင့် မြေပုံမြို့နယ်မှ ရက္ခိုင်ပြည်သူများသေဆုံးမှုရှိခဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ဆေးရုံ၊ နေအိမ်အများအပြားပျက်စီးခဲ့ရကြောင်းတွေ့ရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ တောဟိန်းတောင်ဗျူဟာကုန်း ကိုအာရက္ခတပ်တော်က မတ်လ ၂၄-၂၅ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့တွင်လည်း သံတွဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

လက်ရှိ အာရက္ခတပ်တော်တိုက်ခိုက်နေသည့် မြို့နယ်များမှာ မြောက်ပိုင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရာ အမ်းမြို့၊ နယ်စပ်ဒေသမြို့ဖြစ်သော ဘူးသီးတောင်၊ မောင်တောမြို့များနှင့် တောင်ပိုင်းဒေသရှိ သံတွဲမြို့နယ်တို့ဖြစ်သည်။

အာရက္ခတပ်တော်သည် စစ်ကောင်စီ၏ အဓိက စီးပွားရေးအချက်အချာကျသည့် ဘူးသီးတောင်၊ မောင်တောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းကုန်း၊ ဗျူဟာကုန်းများကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်စခန်းများကိုလည်း သိမ်းပိုက်ရန် ကြိုးစားလျက်ရှိကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ