သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များ ဝါဒဖြန့်နေရ

AB News- နိုဝင်ဘာ ၁၁၊ ၂၀၂၅
ဒေဝီ

အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်က အတုအယောင် ရွေးကောက်ပွဲအတွက် အနုပညာရှင်များကို ခြိမ်းခြောက်ကာ ဝါဒဖြန့်ခိုင်းနေကြောင်း သိရသည်။

သရုပ်ဆောင်အချို့က ရိုက်ကူးပြီးဆုံးသွားသည့်နောက် ယခုတွင် အဆိုတော်များအလှည့် ရောက်လာပြီး ဝါဒဖြန့်ပေးနေရသည်ကို တွေ့ရှိရသည်။

စစ်အာဏာရှင် လက်အောက်ရှိ မြန်မာပြည်တွင်း အဆိုတော်အချို့သည် ရွေးကောက်ပွဲ အသိပညာပေး အဖြစ် ရိုက်ကူးရေးလုပ်ဆောင်နေကြပြီး၊ စစ်တပ် လက်အောက်ခံ နိုင်ငံပိုင်ရုပ်သံလိုင်းများနှင့် ၎င်းတို့၏ တယ်လီဂရန်ချန်နယ်များမှ ဖြန့်ဝေနေကြသည်ဟု သိရသည်။

အဆိုတော်များအနက်တွင် အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဥ်၊ အိမ့်ချစ်၊ အေးမြဖြူနှင့် လိမ္မော်သီးတို့ ပါဝင်ကြသည်။

၎င်းတို့အား စစ်အာဏာရှင် အလိုကျ ကိုင်ဆောင်ခိုင်းသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ရွတ်ဆိုခိုင်းထားသည့် စာသားများဖြင့် ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ကိုင်ဇာ ရေးစပ်ထားပြီး မိုးယံဇွန်၊ နန်းဆုရတီစိုးနှင့် ရတနာမိုင်တို့ သီဆိုသော “တူတူမဲသွားပေးကြစို့” သီချင်းကိုလည်း ထွန်းကိုကို၊ ယွန်းယွန်းနှင့် သဥ္ဇာတို့ သရုပ်ဆောင်ထားကာ စစ်တပ်လက်အောက်ခံ မီဒီယာချန်နယ်များမှ ထုတ်လွှင့်နေသည်။

အနုပညာအသိုင်းအဝိုင်းထဲက လူအများစုက စစ်ကော်မရှင်သည် အနုပညာရှင်များကို ပူးပေါင်းပါဝင်ခိုင်းခြင်း မဟုတ်တော့ဘဲ ခြိမ်းခြောက်ကာ ဖိအားပေးနေကြောင်း ပြောဆိုကြသည်။

စစ်အာဏာရှင်ဘက်က နိုင်ငံရေးထွက်ပေါက်အဖြစ် စီစဉ်ထားသည့် အတုအယောင် ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပမည်ဟု သတ်မှတ်ထားသော်လည်း၊ ၎င်းတို့၏ ရွေးကောက်ပွဲကို ပြည်သူ ၉၈ ရာခိုင်နှုန်းခန့်က ယုံကြည်မှုမရှိကြောင်း “Platform for People Movement” ၏ စစ်တမ်းအရ သိရပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုရွေးကောက်ပွဲကို လက်မခံကြောင်း သက်သေပြနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ